DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခသတင်းများကြောင့် ရန်ကုန် ယာဉ်လုပ်သားများ အခက်ကြုံနေ
DVB
·
March 27, 2013
ပဋိပက္ခသတင်းများကြောင့် ရန်ကုန် ယာဉ်လုပ်သားများ အခက်ကြုံနေ
Donate to DVB

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ ပဋိပက္ခဖြစ်စေမယ့် သတင်းတွေ ပျံနှံ့နေတာကြောင့် ညပိုင်း သွားလာမှုတွေ မရှိသလောက် ဖြစ်နေပြီး အနှေးယာဉ်လုပ်သားတွေ၊ တက္ကစီသမားတွေ စားဝတ်နေရေးအတွက် အခက်အခဲ ကြုံတွေ့နေရပါတယ်။

အနှေးယာဉ်လုပ်သားတဦးက “မနေ့နဲ့ ဒီနေ့တောင် အတော်လျော့သွားတယ်။ မနေ့က ၃ ထောင်လောက်ရတယ်။ ဒီနေ့ ၂၀၀ ပဲရသေးတယ်။ တည်ငြိမ် ငြိမ်းချမ်းတာကို လိုလားပါတယ်။ ဒါမှ ကျနော်တို့အလုပ်လည်း ပုံမှန်ပြန်ဖြစ်မှာပါ။”

အငှားယာဉ်မောင်းသူ တဦးကလည်း “ကျနော်တို့ ဒုက္ခအတော်ရောက်ပါတယ်။ အုံနာကြေးရဖို့တောင်မှ မနည်းရှာရတယ်၊ လူတွေအပြင်မထွက်လို့။ မိသားစု စားဝတ်နေရေးက ဘယ်လိုမှ အဆင်မပြေဘူး။ အုံနာကြေးကို မရမက ရှာနေရတယ်။ အားလုံးထိခိုက်နေတယ်။”

ဒါ့အပြင် ညပိုင်းဖွင့်တဲ့ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေလည်း ည ၉ နာရီထိပဲ ဖွင့်လှစ်ရောင်းချခွင့်ပြုထားတဲ့အတွက် နစ်နာမှုတွေ ကြုံတွေ့နေကြရတယ်လို့ ပြောပါတယ်။

ကောလာဟလသတင်းတွေကြောင့် ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အင်တာနက်ဆိုင်၊ အလှပြင်ဆိုင်နဲ့ တည်းခိုခန်းတွေကို ည ၉ နာရီကနေ မနက် ၄ နာရီအထိ ဖွင့်လှစ်ရောင်းချတာ မပြုလုပ်ဖို့ အာဏာပိုင်တွေက တားမြစ်ထားတာပါ။

ထမင်းဆိုင်ရှင်တဦးက “၈-၉ နာရီအချိန်တွေကရောင်းရတဲ့အချိန်လေ။ အဲမှာ အာဏာပိုင်အဖွဲ့အစည်းတွေက ပိတ်ပါ၊ တော်ကြာ ရုံးစုရုံးစုနဲ့ ဖြစ်ကြရင် မကောင်းဘူးဆိုတော့ ပိတ်လိုက်ရတယ်။ ကျမတို့ ဆိုင်ကငှားပြီးဖွင့်ရတာဆိုတော့ နစ်နာမှုတွေရှိတာပေါ့။ ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်တာတွေလည်း မဖြစ်စေချင်ပါဘူး။ အကုန်ငြိမ်းချမ်းစေချင်တယ်။ မြန်မြန် ပြီးစေချင်ပါတယ်။”

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ ညသန်းခေါင်အချိန်တွေမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ တာမွေမြို့နယ် မအူကုန်း ရပ်ကွက်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ ကား ၂ စီးနဲ့ အော်ဟစ်လှုံ့ဆော်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း လုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ကြပ်မတ်ဆောင်ရွက်နေပြီး ကောလာဟလသတင်းတွေကို ပြည်သူတွေ မယုံကြည်ကြဖို့နဲ့ ထုတ်လွှင့်သူကို သိရှိပါက ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ပူးပေါင်းကူညီကြဖို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013