DVB Logo
Home
မြန်မာသတင်း
တပ်မတော်က စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့ခြင်းမရှိဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
March 27, 2013
တပ်မတော်က စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့ခြင်းမရှိဟု ဗိုလ်ချုပ်မှူးကြီးပြော
Donate to DVB

မြန်မာ့တပ်မတော်ဟာ ဘယ်လိုစစ်ရာဇ၀တ်မှုမျိုးမှ မကျူးလွန်သလို စည်းကမ်းဖောက်ဖျက် ကျူးလွန်သူတွေကိုလည်း စစ်စည်းကမ်းနဲ့အညီ ထိရောက်စွာ အရေးယူခဲ့သလို လူမျိုးတုံးသတ်ဖြတ်မှု ဆိုတာမျိုးလည်း တပ်မတော်ရဲ့သမိုင်းကြောင်းမှာ လုံးဝ မရှိကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းမှာ အခုလို ပြောကြားလိုက်တာပါ။

[caption id="attachment_37871" align="alignright" width="300" caption="၆၈ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ- မြ၀တီ)"][/caption]

“တပ်မတော်ဟာ အရပ်ဘက်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ၊ တပ်မတော်ရဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေသာမက ဂျီနီဗာကွန်ဗင်းရှင်းကိုပါ အထူးလိုက်နာတဲ့ တပ်မတော်တရပ်ဖြစ်တယ်။ တို့တပ်မတော်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး သိရှိလိုက်နာဖို့လည်း လေ့ကျင့်သင်ကြားပေးလျက်ရှိတာကြောင့် တို့တပ်မတော်ဟာ ဘယ်လိုစစ်ရာဇ၀တ်မှုတွေကိုမှ မကျူးလွန်သလို စည်းကမ်းဖောက်ဖျက်ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း တပ်မတော် စည်းမျဉ်းဥပဒေများနဲ့အညီ ထိရောက်စွာ အရေးယူခဲ့တယ်။

“နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်ချိန်မှာ ဘယ်တိုင်းရင်းသားလူမျိုးအပေါ်မှာမှ မုန်းတီးစိတ်နဲ့ ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ လက်နက်ကိုင်ပဋိပက္ခ ဖော်ဆောင်သူတွေကိုသာ တိုက်ခိုက်နေခြင်းဖြစ်လို့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အဓိက ကာကွယ်စောင့်ရှောက်ရလို့လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုံးအနေနဲ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကိုလည်း အကျယ်တ၀င့် ပြောကြားသွားပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ ကျော်က ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်မျှော်မှန်းခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် အင်အားတောင့်တင်းတဲ့ တပ်မတော်ဖြစ်အောင် ကြိုးပမ်းရမယ် ဆိုပြီး ပြောခဲ့ပါတယ်။

ထူးခြားချက်အနေနဲ့ ဒီနေ့ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တပ်မတော်တည်ထောင်သူနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်ရဲ့ တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ဒုံးကျည် တင့်ကားတွေ ပါဝင်တဲ့ စစ်ရေးပြအခမ်းအနားကို ပြသခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013