DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းလုပ်သား ၂၅၀ ကျော် ​ပြန်လည်ပို့ဆောင်ရန် မော်တော်ယာဉ်ခက်ခဲနေ
DVB
·
March 26, 2020
မြန်မာရွှေ့ပြောင်းလုပ်သား ၂၅၀ ကျော် ​ပြန်လည်ပို့ဆောင်ရန် မော်တော်ယာဉ်ခက်ခဲနေ
Donate to DVB

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ရွေ့ပြောင်းလုပ်သား ၂၅၀ ကျော်ကို ပြန်လည်ပို့ဆောင်ဖို့ မော်တော်ယာဉ် အခက်အခဲတွေရှိနေတဲ့အတွက် ဘားအံမြို့ ပြည်နယ်မိုးလုံလေလုံ အားကစားရုံမှာ COVID-19 စစ်ဆေး စောင့်ကြည့်ထားရပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေဟာ မြဝတီမြို့ကနေ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာမှာရှိတဲ့ ပြည်နယ်မိုးလုံလေလုံအားကစားရုံကို မတ် ၂၅ ရက် ည ၁၁ နာရီက ရောက်ရှိလာခဲ့တာပါ။

ပြည်နယ်အစိုးရက သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေသလို ပြန်လည်ဝင်ရောက်လာသူတွေ မထွက်ခွာမီအချိန်အထိ အခုလို ယာယီစောင့်ကြည့်ရေးစခန်း ဖွင့်လှစ်ပြီး စောင့်ကြည့်နေတာပါ။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမင်းကိုခိုင်က “မနေ့ည ၁၁ နာရီလောက်က ရောက်လာတယ်။ သက်ဆိုင်ရာတိုင်းဒေသကြီးတွေ ကိုပို့မယ် ကားတွေမရှိလို့။ ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာနိုင်ငံအလုပ်သမားတွေက ဝင်နေတုန်းပဲ။ ကျနော်တို့ လက်ခံပြီးတော့ မိမိနေရပ်ဒေသကို အဆင်ပြေအောင် ပြန်လည်ပို့ဆောင်ပေးမယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာတဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နေ ကိုရဲဝင်းအောင်က “ဟိုမှာက ရောဂါတွေက တနေ့တခြား စိုးရိမ်စရာတွေကြားတော့ ပြန်လာခဲ့တာပါ။ အခု လောလောဆယ်တော့ စက်ရုံ မပိတ်ခင်ကြိုပြန်လာခဲ့တာ”လို့ ပြောပါတယ်။

အခု ပြည်လည်ဝင်ရောက်လာသူတွေဟာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ တနဿ်ရီတိုင်းဒေသကြီး၊ မွန်၊ ရှမ်းနဲ့ ကယားပြည်နယ်က ဒေသခံပြည်သူတွေဖြစ်ပြီး ပြည်နယ်အစိုးရက ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေ ချိတ်ဆက်ပြီး မော်တော်ယာဉ်တွေနဲ့ အခမဲ့ပို့ဆောင်ပေးနေတာပါ။

ထိုင်းနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ပြီး ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို မတ် ၂၀ ရက်မှ ၂၆ ရက် နေ့လယ် ၁၂ နာရီအထိ လူဦးရေ ၂၃၀၀၀ ကျော်ကို COVID-19 ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ COVID-19 နဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ထိုင်းအစိုးကထုတ်ပြန်တဲ့ ကျန်းမာရေး သတိပေးချက်တွေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးက တိုက်တွန်းထားပါတယ်။

သတင်း-ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013