DVB Logo
Home
မေးမြန်းခန်း
ရန်ကုန် အကြမ်းဖက်လှုံ့ဆော်မှုဖြစ်စဉ်တွင် နိုင်ငံရေးပါတီဝင်အချို့ ပါဝင်ဟုဆို
DVB
·
March 26, 2013
ရန်ကုန် အကြမ်းဖက်လှုံ့ဆော်မှုဖြစ်စဉ်တွင် နိုင်ငံရေးပါတီဝင်အချို့ ပါဝင်ဟုဆို
Donate to DVB

ရန်ကုန်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်ဖက်မှုဖြစ်အောင် လှုံ့ဆော်နေတဲ့ ဖြစ်ရပ်တချို့မှာ အောက်ခြေ နိုင်ငံရေးပါတီဝင်တချို့ ပါဝင်နေတာတွေ့ရတဲ့အတွက် ပါတီတွေအနေနဲ့ ထိန်းသိမ်းပေးဖို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဒီနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ်ဦးမြင့်ဆွေက အခုလို ပြောလိုက်တာဖြစ်ပြီး ဒီပြောကြားချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သဘောတူတယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

[caption id="attachment_27104" align="alignright" width="300" caption="ဦးဥာဏ်ဝင်း"][/caption]

ဦးဥာဏ်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းတို့က တချို့နေရာတွေမှာ ရန်ကုန်မှာ အခုလတ်တလောဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေမှာ အောက်ခြေပါတီဝင်တချို့ ပါတာ တွေ့တယ်တဲ့။ ဘယ်ပါတီလဲဆိုတာ မပြောဘူး။ အဲဒါတွေ ထိန်းသိမ်းပေးဖို့၊ လုံခြုံရေးကိစ္စ ပူးပေါင်းဆောင်ရွက်ဖို့။ အဲဒါတွေပြောတယ်။ ကျနော်တို့ကလည်း ဒါကို သဘောတူပါတယ်။ ကျနော်တို့ဆီက လုံခြုံရေးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့နဲ့ ရပ်မိရပ်ဖတွေနဲ့ ဒီလိုအဖြစ်အပျက်တွေ မကြီးထွားလာအောင် ဆောင်ရွက်ကြဖို့ မနေ့ကတည်းက ညွှန်ကြားချက်ထုတ်ပြီးသားပါ။ ဒါတွေဆွေးနွေးပါတယ်။ တခြားပါတီတွေကလည်း ဒီကိစ္စနဲ့ တိုက်ရိုက်မဆိုင်သော်လည်း စိတ်ဝင်စားတာလေးတွေ ဆွေးနွေးကြပါတယ်။”

အခု ရန်ကုန်အနေအထားကရော ဘယ်လိုရှိပါလဲ။

“ကျနော် နေရာအနှံ့တော့ မရောက်ဘူး။ ကျနော်မြင်ရတဲ့နေရာတော့ အေးချမ်းသွားပြီ၊ အရင်ရက်တွေလောက် စိုးရိမ်ပူပန်မှုနည်းသွားပြီ။ မရှိတော့ဘူး။”

မနေ့က ဘာကြေညာချက်ထုတ်ပြန်ထားတာပါလဲ။

“မနေ့က ရန်ကုန်တိုင်းအနေနဲ့ မြို့နယ်တွေကို ညွှန်ကြားတယ်။ ဒီလိုကိစ္စတွေမှာ မိမိနဲ့ မဆိုင်တာမှာ ပါဝင်ပတ်သက်မှု မရှိဖို့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စာထုတ်တာပါ။”

တွေ့ဆုံပွဲမှာ မွတ်စလင် ပါတီ ၂ ပါတီကလည်း ဆွေးနွေးတယ်ပြောတယ်။ သူတို့ရော ဘာဆွေးနွေးဖြစ်ကြလဲ။

“သူတို့ကတော့ သူတို့က တိုင်းရင်းသားပါပဲ၊ နိုင်ငံသားပါပဲ။ ဘာသာမတူတာပဲရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်။ ဒါတွေ ဆွေးနွေးတင်ပြပါတယ်။”

ဝန်ကြီးတွေပြောသွားတဲ့အထဲ၊ လုံခြုံရေးဝန်ကြီးတို့ပြောသွားတဲ့အထဲ ရန်ကုန်လုံခြုံရေးနဲ့ ပတ်သက်လို့ တင်ပြသွားတာမှာ စိတ်ကျေနပ်မှုရှိလား။

“လုံခြုံရေးအတွက် ဘယ်လိုစီမံထားတယ်ဆိုတာတော့ မပြောဘူး။ သို့သော် လုံခြုံရေးအတွက် လုပ်နေတယ်။ ရန်ကုန်ဟာ အရေးကြီးတဲ့နေရာတခုပဲ။ ရန်ကုန်မှာ ဖြစ်ခဲ့ရင် ကျန်တဲ့နေရာတွေ ကူးစက်လွယ်တယ်ပေါ့။ ဒါကြောင့် ရန်ကုန်မဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ပြောတယ်။”

တခြားဖြည့်စွက်ပြောလိုတာရှိရင်ပြောပေးပါ။

“အဓိကကတော့ နိုင်ငံရေးပါတီတွေအားလုံး မီးပွားကနေ မီးမလောင်အောင်၊ စိုးရိမ်ကြောင့်ကြနေရတဲ့အဖြစ်တွေ မဖြစ်ရအောင် ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တဲ့ပွဲလို့ ပြောရင်ရတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013