DVB Logo
Home
မြန်မာသတင်း
မီးဘေးသင့် ကရင်နီဒုက္ခသည်စခန်း ပြန်လည်ထူထောင်ရေး အကူညီလိုအပ်
DVB
·
March 25, 2013
မီးဘေးသင့် ကရင်နီဒုက္ခသည်စခန်း ပြန်လည်ထူထောင်ရေး  အကူညီလိုအပ်
Donate to DVB

မတ် ၂၂ ရက်နေ့ ညနေပိုင်းက လောင်ကျွမ်းခဲ့တဲ့မီးကြောင့် အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ခဲ့ကြတဲ့ ကရင်နီဒုက္ခသည် ၂ ထောင်ကျော်အတွက် အိုးအိမ်ပြန်လည်ထူထောင်ဖို့ အကူညီတွေ လိုအပ်နေပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ မီးဘေးကြုံတွေ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ လောလောဆယ် တောတောင်၊ စမ်းချောင်းအနီး တဲထိုးနေကြရပြီး  အစားအသောက် မပူပင်ရပေမယ့် အိမ်ပြန်ဆောက်ဖို့ သစ်၊ ၀ါး စတဲ့ အိမ်ဆောက်ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်စခန်း အမှတ် ၂ အထွေထွေအတွင်းရေးမှူး နော်ထူးလွဲက ပြောပါတယ်။

“ရိက္ခာကတော့ ထိုင်း - မြန်မာနယ်စပ် ကယ်ဆယ်ရေးညွန့်ပေါင်းအသင်း TBBC က ပို့တဲ့အတိုင်းတော့ ရှိတယ်။ ဒါပေမယ့် အဆောက်အအုံတွေ ပြန်ပြင်ဆင်ဖို့၊ ဆောက်ဖို့ လိုအပ်နေသေးတယ်။ မီးဖိုချောင်သုံးပစ္စည်းပဲဖြစ်ဖြစ် တခြားဟာတွေ လိုအပ်တယ်။”

အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် စေတနာရှင်တွေက  အိမ်ထောင်ပရိဘောဂ တချို့လာလှူထားပေမယ့် အိမ်ယာမရှိသေးတော့ ထားစရာနေရာမရှိလို့ မဝေငှပေးရသေးကြောင်း၊ အိမ်ကို ဘယ်နေရာမှာ ပြန်ဆောက်မလဲဆိုတာ မသိရသေးပေမယ့် ဒုက္ခသည်တချို့ကတော့ တခြားနေရာသစ်ကို  မပြောင်းသွားလိုဘူးလို့ သူက ပြောပါတယ်။

တဲအိမ်မှာ ဖြစ်သလိုအိပ်ရတော့ ကလေးငယ်တွေအကြား ဖျားနာတာတွေလည်း ရှိပြီး  ဒုက္ခသည်ကူညီရေးအဖွဲ့(အိုင်အာရ်စီ)ကနေ  အဖြစ်ဆိုးနဲ့ တွေ့ကြုံခဲ့ရသူတွေကို  စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုတွေလုပ်ဖို့ နေ့တိုင်း ကွင်းဆင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မီးဘေးကြောင့် ဒုက္ခသည်စခန်းက  မူလတန်းအဆင့်ကနေ အထက်တန်းအဆင့်ထိ ကျောင်းသူကျောင်းသားပေါင်း ၁၀၀၀ ကျော် စာမေးပွဲဖြေရင်းတန်းလန်းနဲ့ ပညာရေးရပ်နားထား ရတယ်လို့ နော်ထူးလွဲက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ခွန်ယွန်းမြို့နယ်ထဲက  ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ မတ် ၂၂ ရက်နေ့ ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး  လူ ၃၇ ဦး သေဆုံးပြီး ၇ ဦး အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရပါတယ်။  ဒီ မီးလောင်မှုကြောင့် အိမ်ခြေ ၄၀၀ ကျော်  ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

ဒီစခန်းမှာ အိမ်ခြေစုစုပေါင်း ၇၀၀ ကျော်ရှိပြီး ကရင်နီပြည်နယ်ထဲမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လွန်ခဲ့တဲ့  ၁၉၉၃  နှစ်က  စပြီး တစစ တိမ်းရှောင် ခိုဝင်လာကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013