DVB Logo
Home
မြန်မာသတင်း
AA နှင့် PDF အဖွဲ့ဝင် ၃၂  ဦး လက်နက်နှင့်အတူ ပြန်ဝင်လာဟု စစ်အာဏာရှင်ဝါဒဖြန့် 
DVB
·
July 30, 2026
Photo: MOI
Photo: MOI
Donate to DVB

အာရက္ခတပ်တော် (AA) အဖွဲ့ဝင် အယောက် ၂၀ နဲ့ ပြည်သူ့ကာကွယ်တပ်မတော် (PDF) အဖွဲ့ဝင် ၁၂ ယောက်၊ စုစုပေါင်း ၃၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ စစ်အာဏာရှင်တပ်က ဇူလိုင် ၂၉ ရက်က ဝါဒဖြန့် ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ၄ ယောက်၊ မင်းပြားမြို့နယ်မှ ၁ ယောက်၊ သံတွဲမြို့နယ်မှ ၆ ယောက်၊ ရမ်းဗြဲမြို့နယ်မှ ၁ ယောက်၊ မြေပုံမြို့နယ်မှ ၂ ယောက်၊ တောင်ကုတ်မြို့နယ်မှ ၁ ယောက်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ၃ ယောက်၊ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှ ၁ ယောက်၊ လေးမျက်နှာမြို့နယ်မှ ၁ ယောက်  AA အဖွဲ့ဝင် စုစုပေါင်း အမျိုးသား အယောက် ၂၀ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှ ၂ ယောက်၊ ပုသိမ်မြို့နယ်မှ ၂ ယောက်၊ ဓနုဖြူမြို့နယ်မှ ၂ ယောက်၊ လေးမျက်နှာမြို့နယ်မှ ၃ ယောက်၊ အင်္ဂပူမြို့နယ်မှ ၁ ယောက်၊ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှ ၁ ယောက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၁ ယောက်၊ စုစုပေါင်း PDF ၁၂ ယောက် အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းရောက် ရခိုင်ဒေသခံတယောက်က “ဧရာဝတီဘက်မှာ AA က အလင်းဝင်ဖို့၊ PDF က အလင်းဝင်ဖို့မပြောနဲ့၊ သူတို့ စစ်ကောင်စီစခန်းတွေတောင် ကျဆုံးလို့ ရွာတွေမှာ စခန်းချနေရတယ်၊ ဘာမှမဟုတ် ဝါဒဖြန့်တာ”လို့ ပြောပါတယ်။

ဒါပေမဲ့ စစ်အာဏာရှင်ဘက်ကတော့ အခုလို ပြန်လည်ဝင်ရောက်လာသူတွေကို ကြိုဆိုလက်ခံပြီး မိဘအုပ်ထိန်းသူတွေဆီ ပြန်လည်လွှဲပြောင်းအပ်နှံတဲ့ အခမ်းအနားကို ဒီနေ့မနက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမမှာ ကျင်းပခဲ့တယ်လို့ဆိုပါတယ်။

ရခိုင်ဒေသခံတယောက်က “သူတို့ဘက်က အမျိုးမျိုးဝါဒဖြန့်နေတာပြီးတော့ အဲဒီ ရခိုင်တိုင်းရင်းသားတွေဆို ဧရာဝတီဘက်၊ မကွေးဘက်၊ ပဲခူးဘက်တွေမှာ ခရီးသွားနဲ့ စစ်ရှောင်တွေကို စကစပဲ ဖမ်းနေတာပါ။ AA နဲ့ PDF အလင်းဝင်တာ ထုတ်ပြန်လို့ပြီးရင် မူးယစ်ဆေးဝါး ဖမ်းရတယ်ဆိုပြီး ထုတ်ပြန်လာဦးမယ်။ အဲဒါပဲ သူတို့လုပ်နိုင်တာ”လို့ ပြောပါတယ်။

လက်နက်အပ်နှံခဲ့သူတွေအတွက် သတ်မှတ်ဆုကြေးငွေတွေကို ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အလင်းဝင်ရောက်လာသူ ၃၂  ယောက်အတွက် ထောက်ပံ့ငွေအပါအဝင် စုစုပေါင်း ကျပ်သိန်း ၇၆၄ သိန်းကို ထောက်ပံ့ခဲ့တယ်လို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013