DVB Logo
Home
မြန်မာသတင်း
ပြည်ပမှ ပြန်လာသူ ၃၇ ဦးအား ဧရာဝတီဘဏ်ပိုင် အဆောက်အဦတွင် နေရာချ စောင့်ကြည့် 
DVB
·
March 24, 2020
ပြည်ပမှ ပြန်လာသူ ၃၇ ဦးအား ဧရာဝတီဘဏ်ပိုင် အဆောက်အဦတွင် နေရာချ စောင့်ကြည့် 
1 / 9
Donate to DVB

ပြည်ပခရီးစဉ်များမှ လေကြောင်းလိုင်း ၃ ခုနဲ့ မတ် ၂၃ ရက် နေ့လယ်ပိုင်းက ပြန်လည်ရောက်ရှိလာတဲ့ ခရီးသည် ၃၇ ဦးကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ AYA Bank Training Center ဘေးရှိ ဧရာဝတီဘဏ်ပိုင် အဆောက်အဦမှာ Covid19 စောင့်ကြည့်လူနာအဖြစ် စစ်ဆေးဖို့ နေရာချထားတယ်လို့ သိရပါတယ်။

အထပ် ၆ ထပ်ပါ အဆိုပါအဆောက်အဦ ၂ ခုအနက် တလုံးမှာ ရောက်လာတဲ့ ခရီးသည် ၃၇ ဦး နေထိုင်ကြပြီး ပြည်ကနေ နောက်ထပ်ရောက်လာမယ့် သူတွေကိုလည်း ဆက်လက်လက်ခံသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 အတည်ပြုလူနာ ၂ ဦးတွေ့ရှိကြောင်း မတ် ၂၃ ရက်  ည ၁၁း၄၅ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံမှာ အမေရိကန်နိုင်ငံက (မတ် ၁၃ ရက်နေ့) ပြန်လာသူ အသက် (၃၆) နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ လှည်းကူးမြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး ကွင်းဆင်းသင်တန်းကျောင်းမှာ quarantine ထားရှိနေတဲ့ အင်္ဂလန်နိုင်ငံက (မတ် ၂၂ ရက်နေ့) ပြန်လာသူ အသက် (၂၆) နှစ်အရွယ် အမျိုးသား ၁ ဦးတို့ရဲ့ ဓာတ်ခွဲခန်းအဖြေတွေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။



Photo - Kyaw Swar Tun / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013