DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံရောက် တရားမဝင်မြန်မာလုပ်သား ၁၀၀ ခန့် နယ်စပ်ရောက်မည်
DVB
·
March 23, 2020
တရုတ်နိုင်ငံရောက် တရားမဝင်မြန်မာလုပ်သား ၁၀၀ ခန့် နယ်စပ်ရောက်မည်
Donate to DVB

တရုတ်နိုင်ငံကို ရောက်နေတဲ့ တရားမဝင် မြန်မာလုပ်သား ၁၀၀ လောက် ဒီနေ့ နယ်စပ်ကို ရောက်လာမယ်လို့ ပေကျင်းမြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါဖြစ်နေတာကြောင့် နေရပ်ပြန်ချင်တယ်လို့ မြန်မာသံရုံးကို ဆက်သွယ်လာကြတဲ့အထဲက ရှန်တုန်းပြည်နယ် ရုန်းချောင်မြို့က တရားမဝင် မြန်မာလုပ်သား ၈၈ ယောက်ကို ပြန်ပို့ဖို့ တရုတ်အာဏာပိုင်တွေနဲ့ မြန်မာသံရုံးတို့ ညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မြန်မာလုပ်သားတွေကို မတ် ၂၀ ရက်နေ့လယ်ပိုင်းက ဘတ်စ်ကား ၂ စီးနဲ့ ပြန်ပို့လိုက်ပြီး ဒီနေ့ မတ် ၂၃ ရက် ညနေပိုင်းမှာ မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်ကို ရောက်မယ်လို့ ဆိုပါတယ်။

မြန်မာသံရုံးအနေနဲ့ ဒီမတိုင်ခင်က တရားမဝင်မြန်မာလုပ်သား ၁၅၀ ကျော်ကို တရုတ်ကနေ မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။

တရုတ်နိုင်ငံကနေ နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သံရုံးကိုဆက်သွယ်ကြဖို့နဲ့ လိုအပ်ရင် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှာဖြစ်သလို အစားအသောက်တွေ အခက်အခဲရှိရင်လည်း သံရုံးကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ အစောပိုင်းကပဲ ထုတ်ပြန်ထားပါတယ်။

နေရပ်ပြန်လိုတဲ့ မြန်မာတွေအနေနဲ့ မိမိတို့နေထိုင်တဲ့ ပြည်နယ်၊ ပြည်နယ်ခွဲ၊ စီရင်စု၊ မြို့နယ်နဲ့ ကျေးရွာအုပ်စုတို့ပါတဲ့ နေရပ်လိပ်စာအပြည့်အစုံနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ Wechat နံပါတ်တို့ကို အတိအကျဖော်ပြပြီး သံရုံးကို ပို့ပေးရမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရမယ့်ဖုန်းကတော့ ပေကျင်းမြို့၊ မြန်မာသံရုံး – +၈၆ ၀၁၀ ၆၅၃ ၂၄ ၅၅၄ ဖြစ်ပါတယ်။ 

ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ကွေ့ကျိုးပြည်နယ်နဲ့ ချုံချင်းမြို့ မြူနီစပါယ်အုပ်ချုပ်ရေးဒေသတို့မှာ ရောက်နေသူတွေအနေနဲ့ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး – +၈၆ ၈၇၁ ၆၈၁ ၆၂၈ ၁၄၊ +၈၆ ၁၇၆ ၈၇၀ ၀၁၈ ၇၄ ကို ဆက်သွယ်ရမှာပါ။

ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ဟူနန်ပြည်နယ်နဲ့ ကွမ်တုန်းပြည်နယ်တို့မှာ ရောက်နေသူတွေ အနေနဲ့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး – +၈၆ ၇၇၁၅ ၆၇၂ ၈၄၅၊ +၈၆ ၁၈၅၇၇၁ ၄၅၉ ၃၉ ကို ဆက်သွယ်ပေးကြဖို့ သံရုံးက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013