DVB Logo
Home
မြန်မာသတင်း

အိန္ဒိယနိုင်ငံသား ၇ ဦးအပါအဝင် ၁၅ ဦးကို အေအေပြန်လွှတ်၊ ငွေကျပ် သိန်း ၅၀ ယူဆောင်သွား 

DVB
·
March 23, 2020
အိန္ဒိယနိုင်ငံသား ၇ ဦးအပါအဝင် ၁၅ ဦးကို အေအေပြန်လွှတ်၊ ငွေကျပ် သိန်း ၅၀ ယူဆောင်သွား 
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝဆိပ်ခံတံတားလုပ်ငန်းခွင်က အိန္ဒိယနိုင်ငံသားတွေအပါအဝင် ၁၅ ဦးကို ရက္ခိုင့်တပ်တော်(အေအေ)က ပြန်လွှတ်ပေးခဲ့ပေမယ့် ငွေကျပ် သိန်း ၅၀ ယူဆောင်သွားတယ်လို့ ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။

ပလက်ဝါမြို့အနီးရှိ ဆိပ်ခံတံတားတည်ဆောက်နေတဲ့နေရာကို မတ်လ ၂၂ ရက် ည ၁၀ နာရီကျော်မှာ အေအေ တပ်ဖွဲ့ဝင်တွေရောက်လာပြီး ဝန်ထမ်းတွေကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဒီမနက် ၉နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီဖမ်းဆီးသွားတဲ့ဝန်ထမ်းတွေထဲမှာ အိန္ဒိယနိုင်ငံသား ၇ ယောက်နဲ့ စကားပြန်တွေ၊ ဝန်ထမ်းတွေ ပါတယ်လို့ သိရပါတယ်။

ဒီမနက်မှာ ဖမ်းဆီးခံရသူတွေပြန်လွတ်မြောက်လာပေမယ့် ဝန်ထမ်းတွေဆီက ငွေကျပ်သိန်း ၅၀ နဲ့ ပစ္စည်းတချို့ကိုတော့ အေအေ အဖွဲ့က ယူဆောင်သွားတယ်လို့ ချင်းပြည်နယ်စည်ပင်ဝန်ကြီးက ပြောပါတယ်။

ပလက်ဝဆိပ်ခံတံတားလုပ်ငန်းခွင်ဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ပြည်သူလူထုတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မြန်မာ-အိန္ဒိယနှစ်နိုင်ငံ သဘောတူညီချက်နဲ့ အကောင် အထည်ဖော်နေတဲ့ ကုလားတန်ဘက်စုံစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

သတင်း-ထက်ဝေအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013