DVB Logo
Home
မြန်မာသတင်း
AYA Bank အဆောက်အဦနှင့် ဘောလုံးအကယ်ဒမီတို့တွင် ကိုရိုနာစောင့်ကြည့်လူနာများ ထားမည်
DVB
·
March 23, 2020
AYA Bank အဆောက်အဦနှင့် ဘောလုံးအကယ်ဒမီတို့တွင် ကိုရိုနာစောင့်ကြည့်လူနာများ ထားမည်
Donate to DVB

AYA Bank သင်တန်းကျောင်း အဆောက်အဦနဲ့ MFF အမျိုးသားဘောလုံး အကယ်ဒမီတို့မှာ ကိုရိုနာဗိုင်းရပ်စ် Covid 19 စောင့်ကြပ် ကြည့်ရှုခံရသူတွေ ထားရှိသွားမယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နဲ့ AYA Bank တို့၏ အဆောက်အဦတွေ ဖြစ်တဲ့ တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်းနဲ့ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) တို့မှာ ပြည်ပကနေ ပြန်လည်ရောက်ရှိလာမယ့် Covid 19 စောင့်ကြပ်ကြည့်ရှုခံမယ့်သူတွေကို မတ် ၂၂ ရက်နေ့ညနေက စတင်ကာ ထားရှိနိုင်ဖို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးဦးဆောင်တဲ့ တာဝန်ရှိသူတွေနဲ့ ဦးဇော်ဇော်နဲ့ ဧရာဝတီ ဖောင်ဒေးရှင်း တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

Covid19 စောင့်ကြပ်ကြည့်ရှုခံမယ့်သူအတွက် တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်းမှာ ဦးရေ ၁၅၀ ကျော်နဲ့ MFF အမျိုးသား ဘောလုံး အကယ်ဒမီမှာ လူဦးရေ ၅၀ ကျော် ထားရှိနိုင်မယ်လို့ သိရပါတယ်။

အဆိုပါ စောင့်ကြပ်ကြည့်ရှုခံရမယ့်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တာဝန်ယူသွားမည် ဖြစ်ပြီး တည်းခို စားသောက်ရေးနဲ့ လုံခြုံမှုရှိ‌‌ရေးအတွက် ဧရာဝတီ ဖောင်ဒေးရှင်းက ပါဝင်ကူညီ ဆောင်ရွက်သွားမှာပါ။

ဧရာဝတီ ဖောင်ဒေးရှင်းဟာ ပြီးခဲ့တဲ့ မတ် ၁၈ ရက်ကလည်း ဝေဘာဂီ ဆေးရုံကြီးနဲ့ ရန်ကင်း ကလေးဆေးရုံကြီးတို့မှာ Covid 19 ကုသ‌‌ ကာကွယ်ရေး လုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း ၁၀၀၀ အား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကို လှူဒါန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013