DVB Logo
Home
မြန်မာသတင်း
လုံးခင်းရတနာမြေတွင် တရားမဝင် ကျောက်စိမ်းတူးဖော်သည့်ကုမ္ပဏီ ၁ ခုကို အရေးယူ
DVB
·
March 23, 2020
လုံးခင်းရတနာမြေတွင် တရားမဝင် ကျောက်စိမ်းတူးဖော်သည့်ကုမ္ပဏီ ၁ ခုကို အရေးယူ
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဖားကန့်-လုံးခင်း ရတနာနယ်မြေမှာ တရားမ ဝင်ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတခုကို မတ်လ ၂၂ က မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ အဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရတဲ့ ကုမ္ပဏီဟာ ကျောက်စိမ်းသစ်ရွက်ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဖြစ်ပြီး  ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာနားက လုပ်ကွက်အမှတ် သ/မ (၃၇၅)မှာ တရားမဝင် ကျောက်စိမ်းတူးဖော်နေခဲ့တယ်လို့ ဖားကန့်မြို့နယ် ရဲမှတ်တမ်းအရ သိရပါတယ်။

အဲဒီလုပ်ကွက်ဟာ အရင်က နေလပွင့်ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီရဲ့လုပ်ကွက်ဖြစ်ပြီး ၂ဝ၂ဝပြည့်နှစ်  မတ်လ ၅ ရက်က သက်တမ်းကုန်ဆုံးခဲ့ပါတယ်။

သက်တမ်းကုန်လုပ်ကွက်မှာ အဲဒီကုမ္ပဏီက ကြီးကြပ်သူ ရဲအောင်အပါအဝင် ၅ ဦးဟာ ဦးစီးပြီး ဘက်ဟိုး ၂စီး ၊ မြေသယ်ယာဉ် ၂စီးနဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်နေတာကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးပြီး ရဲတပ်ဖွဲ့အင်အား ၃ဝ ကျော်နဲ့ မတ်လ ၂၂ရက်မနက်က ဖမ်းဆီးခဲ့တယ်လို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ သူတို့ ၅ ဦးကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ  ၅၀(ခ)နဲ့ ဖားကန့်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဖားကန့်-လုံးခင်းရတနာနယ်မြေမှာ ကျောက်စိမ်းလုပ်ကွက်တွေကို ၂ဝ၁၆ ဧပြီလကတည်းက သက်တမ်းတိုးပေးတာတွေ၊ လုပ်ကွက်လိုင်စင်အသစ်ချထားပေးတာတွေကို ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ၂ဝ၂ဝပြည့်နှစ် မတ်လအထိ သက်တမ်းရှိ ကျောက်မျက်လုပ်ကွက်အနည်းငယ်သာ ကျန်ရှိပါတယ်။ 

ကျောက်မျက်လုပ်ကွက်အများစုဟာ သက်တမ်းကုန်ဆုံးနေပြီဖြစ်ပေမဲ့ တချို့ဟာ ကျောက်စိမ်းတူးဖော်တာတွေ ဆက်လုပ်နေကြတယ်လို့လည်း မျက်မြင်ဒေသခံတွေက ပြော ကြပါတယ် ။

မက်လင်ချောင် ကျေးရွာသားတဦးက "ဘယ်လုပ်ကွက်တွေ သက်တမ်းကုန်တယ်ဆိုတာ ကျနော်တို့ရွာသားတွေအကုန်လုံးသိတာပဲ။ သက်တမ်းကုန်လို့ အရင်တူးတဲ့ကုမ္ပဏီက ထွက်သွားပြီလေ။ နောက်ဘယ်ကုမ္ပဏီလား၊ ဘာလား မသိဘူး လာတူးနေတာလေ။ ညညဆို ပွဲတော်ကျနေတာပဲ။ ဘယ်ရဲ၊ ဘယ်စစ်တပ်ကမှ လာဖမ်းတာ မတွေ့ဘူး " လို့ ပြောပါတယ် ။

ဖားကန့်-လုံးခင်းရတနာနယ်မြေရှိ သက်တမ်းကုန်ကျောက်မျက်လုပ်ကွက်တွေမှာ တရားမဝင် ကျောက်စိမ်းတူးဖော်တာတွေ အဆမတန်များပြားနေတယ်လို့လည်း ဒေသခံတွေက ပြော ကြပါတယ်။

တရားမဝင်ကျောက်စိမ်းတူးဖော်တွေနဲ့ပတ်သက်ပြီး အရေးယူမှုတွေ အားနည်းလွန်းနေ တယ်လို့ လည်း  အန်အယ်လ်ဒီပါတီဝင် လူငယ်တဦးက ပြောပါတယ် ။ 

"ခိုးတူးတာတွေက မှော်တိုင်းမှာ လက်ညိုးထိုးမလွဲဘူးဗျ။ ဖမ်းတာက မဖြစ်စလောက်ပဲဖမ်း တာဆိုတော့ ခိုးတူးတာက ဘယ်လိုမှ မပျောက်နိုင်ဘူး "

တရားမဝင်ကျောက်စိမ်းတူးဖော်မှုနဲ့ပတ်သက်လို့ ၂ဝ၂ဝပြည့်နှစ် ဇန်နဝါရီ ၁ ရက်က ဘက်ဟိုး ၁ဝစီး၊ မြေသယ်ယာဉ်  ၅ စီးနဲ့ လူ ၁၆ ယောက်ကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၅ဝ(ခ)နဲ့ အမှုဖွင့် အရေးယူခဲ့မှု တကြိမ်သာရှိခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013