DVB Logo
Home
မြန်မာသတင်း
ဓနုဆုံဆည်းရာပွဲကြောင့် လူငယ်အကြား ဓနု ရိုးရာဝတ်စုံ ပြန်ခေတ်စား
DVB
·
March 22, 2013
ဓနုဆုံဆည်းရာပွဲကြောင့် လူငယ်အကြား ဓနု ရိုးရာဝတ်စုံ ပြန်ခေတ်စား
Donate to DVB

ဓနု ဆုံဆည်းရာပွဲကြောင့် ရိုးရာ ၀တ်စားဆင်ယင်တာဟာ ဓနု လူငယ်တွေ အကြားမှာ ပြန်လည် ခေတ်စားလာတယ်လို့ ဓနုလူမှုကူညီရေးအသင်းက တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီပွဲတော်မကျင်းပမီက ဓနုလူငယ် ၁၀ ဦးမှာ ၃ ဦးလောက်ပဲ ဓနုဝတ်စုံကို ၀တ်ဆင်ကြပေမယ့် ဆုံဆည်းရာပွဲကို ကျင်းပပြီးတဲ့ အခါမှာတော့ ဓနုလူငယ်တွေအကြား ရိုးရာဝတ်စားဆင်ယင်မှုက ပြန်လည် ခေတ်စားလာတယ်လို့ ပင်းတယမြို့နယ် ဓနုလူမှုကူညီရေး အသင်းက ကိုနီသူယုနိုင်က ပြောပါတယ်။

အရင်က ဓနုလူငယ်တွေအကြား ရိုးရာအ၀တ်အစား ၀တ်စားလာတာ နည်းပါးလာတဲ့ အတွက် ဒါတွေကို ထိန်းသိမ်းဖို့ ဆုံဆည်းရာပွဲကို ကျင်းပပြီး အခုလို တတိယအကြိမ်မြောက်မှာ သိသာလာတာလို့ ပြောပါတယ်။

“ဒီလိုမလုပ်ခင်ကဆို ၀တ်စားဆင်ယင်မှုက တခြားတိုင်းရင်းသားတွေ အများကြီးဝတ်ကြတာ။ ကျနော်တို့တိုင်းရင်းသားက ၃-၄ ယောက်လောက်ပဲ ၀တ်တယ်လေ။ ဒါကြောင့် ရိုးရာဝတ်စားဆင်ယင်မှုတွေရော၊ ရိုးရာအ၀တ်အစားတွေ ပြန်ပြန့်ပွားလာအောင် လုပ်မယ်ဆိုပြီး လုပ်တဲ့အခါ အခုဆိုရင် အခါကြီးရက်ကြီးပွဲတွေရော ရှင်ပြုအလှူပွဲတွေမှာပါ ဓနုတိုင်းရင်းသားဝတ်စုံကို ၀တ်လာကြတာ ၃-၄ နှစ်ရှိလာပြီ။ ခေတ်လူငယ်ကြားမှာ ပြန်ဝတ်လာအောင် ကြိုးစားခဲ့တာ အခုတော့ ပြန်ဝတ်လာကြပြီ။”

တတိယအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့ကို မတ် ၂၂ ရက်ကနေ ၂၇ ရက်နေ့အထိ ပင်းတယမှာ ကျင်းပမှာ ဖြစ်ပါတယ်။ တပေါင်းလဆန်း ၁၄ ရက်နေ့ကို ဓနုတိုင်းရင်းသားတွေရဲ့ ဆုံဆည်းရာနေ့ အဖြစ်သတ်မှတ်ထားပါတယ်။

အဲဒီနေ့မှာ အနီးအနားက ရွာပေါင်း ၁၀၀ လောက်က လာရောက်ပြီး ဆုံဆည်းရာနေ့ကို ဆင်နွဲကြသလို အဝေးရောက်နေတဲ့သူတွေလည်း လာရောက်တယ်လို့ ဆိုပါတယ်။

ဒီပွဲတော်ဟာ ပင်းတယ တပေါင်းပွဲ ကျင်းပတဲ့ရက်နဲ့ တိုက်ဆိုင်ကျင်းပတာ ဖြစ်တဲ့အတွက်လည်း အနယ်နယ် အရပ်ရပ်က လာရောက်တဲ့သူတွေ များပြားတယ်လို့ ပြောပါတယ်။

ဓနုလူမျိုးတွေဟာ ရှမ်းပြည်တောင်ပိုင်း ပင်းတယ၊ ရပ်စောက်၊ ကလော၊ အောင်ပန်း၊ တောင်ကြီး၊ ရွာငံ တွေအပြင် နောင်ချိုမြို့နယ်တွေမှာလည်း အများဆုံးနေထိုင်ကြပြီးတော့ လူဦးရေ ၂ သိန်းနီးပါးခန့်ရှိပါတယ်။

ဓနုလူမျိုးတွေရဲ့ သံချပ်တွေဟာလည်း ရှမ်းပြည်နယ်သာမက မြန်မာပြည်တ၀န်းမှာ လူသိများပြီးတော့ တောင်ပေါ် ဒေသရဲ့ လှတောသားများအဖြစ် ခေါ်ဝေါ်ပြောဆိုလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013