Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင် အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး
DVB
·
March 20, 2020
89925417_2668118653311185_3187195307947458560_o
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ စိုက်တန်းခင်ကျေးရွာမှာ မတ်လ ၁၈ ရက် ညနေ ၅ နာရီ လောက်က အသက် ၄၈ နှစ်အရွယ် အမျိုးသားတဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ သေဆုံးသူဟာငွေကြေးပြဿနာကြောင့် မိမိကိုယ်ကိုသတ်သေခဲ့တာဖြစ်ပြီး သေဆုံးသွားသူရဲ့ အလောင်းကို ကညွတ်ကွင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ  ဆေးပညာအရ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ ကညွတ်ကွင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက "သေတဲ့သူရဲ့ မိသားစုဝင်တွေပြောတာကတော့ ငွေကြေးကိစ္စကြောင့်လို့ ပြောတယ်။ ကျနော်တို့ဘက်ကတော့ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးမှုတွေလုပ်နေပါတယ်"လို့ ပြောပါတယ်။ သေဆုံးသူဟာ အမြင့် ၇ ပေရှိတဲ့ သရက်ကိုင်းမှာ ပလပ်စတစ်ကြိုးနဲ့ ကြိုးဆွဲချသေဆုံးနေတာဖြစ်ပြီး အရင်က ၂ ကြိမ်ကြံစည်ခဲ့ဖူးကာ အခု ၃ ကြိမ်မြောက်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း ဖွင့်လှစ်ကာစစ်ဆေးနေပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024