DVB Logo
Home
သတင်းတို
ပုဂ္ဂလိကသတင်းစာများ ကျပ် ၂၀၀ အောက်ဖြင့် ဖြန့်မည်
DVB
·
March 22, 2013
Donate to DVB

မကြာမီ ထုတ်ဝေတော့မယ့် ပုဂ္ဂလိကသတင်းစာတွေဟာ ၁ စောင်ကို ကျပ် ၂၀၀ အောက်နှုန်း၊ ၁ လ ကျပ် ၆၀၀၀ ၀န်းကျင်နဲ့ ဖြန့်ချိကြမယ်လို့ သတင်းစာတိုက်အသီးသီးက ထုတ်ပြန်ကြေညာပါတယ်။

လက်ရှိ ဂျာနယ် ၈ စောင်ထုတ်ဝေနေပြီး စက္ကူနဲ့ ပုံနှိပ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ရွှေနိုင်ငံကုမ္ပဏီက ထုတ်ဝေမယ့် ရွှေနိုင်ငံသစ် သတင်းစာကို ၁ စောင် ၁၅၅ ကျပ်၊ ဒေးလီးအလဲဗင်းဂျာနယ်ကို ၁ စောင် ကျပ် ၁၈၀ နှုန်းနဲ့ ဖြန့်ချိမယ်လို့ ကြေညာထားပြီး လက်ရှိ အစမ်း ထုတ်ဝေနေတဲ့ ပြည်ထောင်စုနေ့စဉ်ကတော့ ဈေးနှုန်း ကြေညာထားခြင်း မရှိသေးပါဘူး။

အစိုးရက ထုတ်ဝေနေတဲ့ နိုင်ငံပိုင်သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ News light of Myanmar၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးက ထုတ်ဝေတဲ့ မြို့တော်သတင်းစာနဲ့ တပ်မတော်က ထုတ်ဝေတဲ့ မြ၀တီသတင်းစာတွေကတော့ ဖြန့်ဈေး ၁ စောင် ကျပ် ၅၀ သတ်မှတ်ထားပြီး ပြင်ပမှာတော့ ၁ စောင် ကျပ် ၁၀၀ ရောင်းချနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013