DVB Logo
Home
မြန်မာသတင်း
ရွှေကြိုပြိုင်ပွဲဝင်နှစ်ဦး၏ ‘မောင့်မူပိုင်ရှင်’ သရုပ်ဖော်တင်ဆက်မှု လူကြိုက်များနေ (ရုပ်သံ)
DVB
·
March 19, 2020
ရွှေကြိုပြိုင်ပွဲဝင်နှစ်ဦး၏ ‘မောင့်မူပိုင်ရှင်’ သရုပ်ဖော်တင်ဆက်မှု လူကြိုက်များနေ (ရုပ်သံ)
Donate to DVB

       လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားနိုင်ချေရှိတဲ့ အန္တရာယ်ကြောင့် မြန် မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲအခမ်းအနား ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းထားပေမယ့် ရွှေကြိုမျိုးဆက်သစ်သရုပ်ဆောင်မောင်မယ် ရွေးချယ်ပွဲတွေကိုတော့ ဆက်လက် ကျင်းပနေပါတယ်။

       အခုနှစ်မှာ ကျင်းပပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲဟာ နှစ် ၁၀၀ ပြည့်အခမ်းအနားဖြစ်လာမှာမို့ ခမ်းခမ်းနားနား ကျင်းပဖို့ စီစဉ်ထားခဲ့ပြီး ရွှေကြိုမောင်မယ်တွေကိုလည်း အရည်အချင်းစစ်ကာ အဆင့်ဆင့်ရွေးချယ်မှုတွေ ပြုလုပ်နေကြတာပါ။

ခုလတ်တလောမှာတော့ ရှေးယခင်ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဝါရင့်သရုပ်ဆောင်မင်းသားမင်းသမီးတွေရဲ့ ပြောင်မြောက်တဲ့ သ ရုပ်ဆောင်မှုပြကွက်တွေနဲ့ ယှဉ်ပြိုင်မှုမှာ Top 40 ပြိုင်ပွဲဝင် ထွန်းဝီရနဲ့ ဆုသဉ္ဇာဝင်းတို့ရဲ့ အကအလှသရုပ်ဖော်ပြကွက်တွေကို ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

       သူတို့ ၂ ယောက် သရုပ်ဆောင်ပြသခဲ့တဲ့ ရုပ်ရှင်ကတော့ နာမည်ကြီး ရုပ်ရှင်ကား တကားဖြစ်တဲ့ “မောင့်မူပိုင်ရှင်” ရုပ်ရှင်ကားထဲက သရုပ်ဆောင် ဒွေးနဲ့ ထွန်းအိန္ဒြာဗိုတို့ရဲ့ ဇာတ်ဝင်ခန်းတခန်း ဖြစ်ပါတယ်။

       “မောင့်မူပိုင်ရှင်”ရုပ်ရှင်ဇာတ်ကားဟာ ၁၉၆၄ ခုနှစ်က  မန္တလေးရုပ်ရှင်မှ ဒါရိုက် တာ အောင်ဝင်းက သရုပ်ဆောင် ထွန်းဝေ၊ ကောလိပ်ဂျင်နေဝင်း၊ ဒေစီကျော်ဝင်း၊ ခင်သန်း နုတို့နဲ့ ရိုက်ကူးခဲ့ပြီး အောင်မြင်တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

       ဒီကားကိုပဲ ၂၀၀၀ ပြည့်နှစ်မှာတော့ ဒါရိုက်တာ ကိုစန်းအောင်က သရုပ်ဆောင် ဒွေး၊ လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ ထက်ထက်မိုးဦးတို့နဲ့ ပြန်လည်ရိုက်ကူးခဲ့ချိန်မှာလည်း အောင်မြင်တဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။

       ခုရုပ်သံထဲမှာတော့ ရုပ်ရှင်ထဲကလို သရုပ်ဆောင်အက်တင်တွေနဲ့ မူပိုင်ရှင်မကြီး မမခိုင်ပြကွက်နဲ့ ထွန်းဝီရနဲ့ ဆုသဉ္ဇာဝင်းတို့ရဲ့ သရုပ်ဆောင်မှုဟာ လိုက်ဖက်တာ တွေ့ရပါတယ်။

       လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို “အကယ်ဒမီ ရွှေကြိုမောင်မယ်များ ရွေးချယ်ပွဲကြီး” ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့ပြီး ပရိ သတ်တွေကြားမှာ ရေပန်းစားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013