DVB Logo
Home
မြန်မာသတင်း
မြန်မာအထည်ချုပ်စက်ရုံများအတွက် ကုန်ကြမ်းများ တရုတ်နိုင်ငံမှ ကုန်တင်လေယာဉ်ဖြင့်ရောက်ရှိ
DVB
·
March 18, 2020
မြန်မာအထည်ချုပ်စက်ရုံများအတွက် ကုန်ကြမ်းများ တရုတ်နိုင်ငံမှ ကုန်တင်လေယာဉ်ဖြင့်ရောက်ရှိ
Donate to DVB

မြန်မာပြည်တွင်းက အထည်ချုပ်စက်ရုံတွေအတွက် လိုအပ်တဲ့ကုန်ကြမ်းတချို့ တရုတ်နိုင်ငံ ကွမ်းကျိုးမြို့ကနေ AQ-1359 Cargo ကုန်တင်လေယာဉ်နဲ့ မတ်လ ၁၇ ရက် ည ၁၀နာရီခွဲလောက်က ရောက်ရှိလာပါတယ်။ 

ရောက်ရှိလာတဲ့ကုန်ကြမ်းတွေဟာ  စက်ရုံ ၁၁ ရုံ စာအတွက်ဖြစ်တယ်လို့  မြန်မာနိုင်ငံ တရုတ်အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းခွန်းက ပြောပါတယ်။

"အခုရောက်ရှိတဲ့ ပစ္စည်းတွေက အဓိကက အထည်ချုပ်လုပ်ငန်းတွေအတွက်ပေါ့နော်။ စက်ရုံ ၁၁ ရုံစာ အတွက်ပိတ်စရယ်၊  ကြယ်သီးရယ် ၊ ချည် တွေပါ"  

လက်ရှိတရုတ်နိုင်ငံမှာ ကုန်ကြမ်းစက်ရုံတချို့ ၆၀ ရာခိုင်နှုန်းလောက်ပြန်လည် လည်ပတ်လာပြီမို့ ကုန်ကြမ်းမှာယူထားတဲ့ စက်ရုံတွေအတွက် အခုလိုကုန်ကြမ်းတွေ ပြန်လည်ပို့ဆောင်ပေးလာနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုကုန်ကြမ်းတွေရောက်ရှိလာဖို့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးဌာန၊ China Enterprise Chamber of Commerce in myanmar (CECCM)တို့ရဲ့ပူးပေါင်းစီစဉ်မူနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

သတင်း- သူသူအောင်/ ဇာခြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013