DVB Logo
Home
မြန်မာသတင်း
ဧပြီ ၁ ရက်ကစပြီး အက်ဖ်အီးစီကို ကျပ်ငွေအဖြစ် လဲလှယ်ပေးမည်
DVB
·
March 21, 2013
ဧပြီ ၁ ရက်ကစပြီး အက်ဖ်အီးစီကို ကျပ်ငွေအဖြစ် လဲလှယ်ပေးမည်
Donate to DVB

နိုင်ငံခြားငွေလက်မှတ် (အက်ဖ်အီးစီ) တွေကို လာမယ့် ဧပြီ ၁ ရက်ကစပြီး ၃ လအတွင်း ကျပ်ငွေ သို့မဟုတ် အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ပေးမယ်လို့ ဗဟိုဘဏ်က ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက “၄ လပိုင်းကနေ ၆ လပိုင်းအထိ ရက်ပေါင်း ၉၀၊ နိုင်ငံခြားငွေ လက်မှတ် လက်ဝယ်ရှိသူနဲ့ ပိုင်ဆိုင်သူတွေဟာ လုပ်ငန်းလိုင်စင်ရရှိထားသူတွေမှာ နိုင်ငံခြားငွေလက်မှတ်ကို ရက်ပေါင်း ၉၀ အတွင်း ငွေသားအဖြစ်နဲ့ လဲလှယ်နိုင်တယ်။ လဲလှယ်လို့ရတဲ့ငွေတွေကို လဲလှယ်သူတွေရဲ့ဆန္ဒနဲ့အညီ စာရင်းဖွင့်ထားတဲ့ ဘဏ်မှာရှိတဲ့ ဒေါ်လာငွေစာရင်းမှာလည်း ထည့်သွင်းပေးမယ်။ နောက် လက်မှတ်ကို လဲလှယ်သူရဲ့ အမည်နဲ့ ဘဏ်မှာ သက်ဆိုင်ရာ နိုင်ငံခြားငွေစာရင်းအသစ်ကို ဖွင့်လှစ်မယ်ဆိုလည်း ဖွင့်ပေးမယ်။

“ဗဟိုဘဏ်ကနေ ငွေလဲကောင်တာများရဲ့ နိုင်ငံခြားငွေဝယ်ဈေးနဲ့ ပြောင်းလဲတွက်ချက်လို့ရတဲ့ ဖွင့်လှစ်ပြီးတဲ့ ကျပ်ငွေစာရင်းကိုလည်း ထည့်ပေးမယ်။ နောက် နိုင်ငံခြားငွေလက်မှတ်နဲ့ လဲလှယ်သူအမည်အဖြစ်နဲ့ သက်ဆိုင်ရာဘဏ်တွေမှာ ကျပ်ငွေစာရင်းအသစ် ဖွင့်တယ်ဆိုလည်း ကျပ်ငွေနဲ့ ငွေသားထုတ်ပေးမယ်။ အဓိက ၃ လအတွင်း လဲလှယ်ပေးမယ်။”

၃ လအတွင်းမှာ ရောင်းဝယ်သုံးစွဲ လဲလှယ်နိုင်ပြီး ၃ လ ကျော်သွားရင် အက်ဖ်အီးစီ သုံးစွဲခွင့် မရှိတော့ဘူးလို့လည်း ပြောပါတယ်။

၃ လ ကျော်သွားပြီးတဲ့နောက် လဲလှယ်လိုသူတွေဟာ ကိုယ်ရေးအချက်အလက်နဲ့ ဘာကြောင့် လဲလှယ်ဖို့ နောက်ကျနေရသလဲဆိုတာကို အကြောင်းပြချက် စာရေးတင်ပြီးမှ လဲလှယ်ခွင့်ပြုမှာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်ကနေ ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်ထိ အဲ့ဒီနည်းနဲ့ ဆက်လက်လဲလှယ်ပေးသွားမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းတော့ လဲလှယ်ပေးတော့မှာ မဟုတ်ပါဘူး၊

အက်ဖ်အီးစီ လဲလှယ်လိုသူတွေဟာ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ခွင့်ပြုထားတဲ့ ပုဂ္ဂလိကဘဏ် ၁၈ ခု က ငွေလဲကောင်တာ ၁၂၂ ခုနဲ့ ဘဏ်မဟုတ်တဲ့ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီ၂၃ ခုက ကောင်တာ ၁၈ ခုတို့မှာ လဲလှယ်နိုင်ကြမှာ ဖြစ်ပါတယ်။

နိုင်ငံခြားငွေလက်မှတ် အက်ဖ်အီးစီတွေကို အမေရိကန်ဒေါ်လာအစားသုံးဖို့ ၁၉၉၃ခုနှစ်က စတင် ထုတ် ဝေခဲ့တာဖြစ်ပြီး၊ ပြည်သူလူထုအတွင်း လှည့်ပတ်သုံးစွဲနေတဲ့ အက်ဖ်အီးစီ သန်း ၃၀ ကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013