DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ကမ္ဘာလှည့်ခရီးသွား တိုးမြှင့်ရေး အခမဲ့ စီစဉ်ပေးမည်
DVB
·
March 21, 2013
နေပြည်တော်ကမ္ဘာလှည့်ခရီးသွား တိုးမြှင့်ရေး အခမဲ့ စီစဉ်ပေးမည်
Donate to DVB

နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်တွေ နေပြည်တော်ကို  တိုးမြှင့်လာရောက် လည်ပတ်ရေးအတွက် တည်းခိုခအပါအ၀င် အခမဲ့ဝန်ဆောင်မှုပေးဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနက စီစဉ်နေပါပြီ။

လာမယ့်ဧပြီလကစပြီး ကမ္ဘာလှည့်ခရီးသည် တိုးမြှင့်လာရောက်လည်ပတ်ရေး ကာလ ၆ လ သတ်မှတ်ပြီး အစောပိုင်း ၃ လကို အခမဲ့တည်းခိုနေထိုင်သွားလာနိုင်ဖို့ ပုဂံဟိုတယ်ဇုန်က လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်း လုပ်ဆောင်ထားတယ်လို့ ဟိုတယ်ခရီးဝန်ကြီးရုံး ဒုရုံးအဖွဲ့မှူးက ပြောပါတယ်။

“ပရိုမိုးရှင်းကာလကို ၆ လ သတ်မှတ်လိုက်တယ်။ ပထမ ၃ လကို နေပြည်တော်ဟိုတယ်လ်ဇုန်၊ လက်ရှိ လုပ်ဆောင်နေတာ ၃၁ လုံးရှိတယ်။ ဟိုတယ်လ် ၁ လုံးကို အခန်း ၁၀ ခန်း။ ၁ ရက်ကို အခန်းပေါင်း ၃၁၀ ထွက်လာမယ်။ ဒါဆို အနည်းဆုံး ဧည့်သည် ၆၂၀ တည်းလို့ရမယ်။ အဓိက လေယာဉ်နဲ့လာတဲ့ ခရီးသည်ကို ဆိုလိုတာပါ။ လေဆိပ်ကနေ ဟိုတယ်လ်ကို သယ်ယူပို့ဆောင်ရေးအခမဲ့နဲ့ ၁ ရက်တည်းလို့ရမယ်၊ မနက်စာကျွေးမယ် အခမဲ့လုပ်ပေးဖို့ ဟိုတယ်တွေကို စီစဉ်ပေးတာပါ။”

ဧပြီလကနေ ဇွန်လအထိ ၃ လ အခမဲ့ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းရှင်တဦးကတော့ နေပြည်တော်ကို သွားရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသည်ဟာ မြန်မာပြည်ထဲ လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည် ဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ ပြောပါတယ်။

“ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ နေပြည်တော်ကို သွားလည်လေ့လည်ထမရှိဘူး။ အစိုးရအဖွဲ့အစည်းတွေ၊ ၀န်ကြီးဌာနတွေနဲ့ တွေ့ဖို့ ဧည့်သည်တွေတော့ သွားကြပါတယ်။ အချို့အနည်းငယ် ဧည့်သည်တွေတော့ နေပြည်တော်ကို ရောက်ဖူးအောင်သွားကြတာ ရှိပါတယ်။ ရာခိုင်နှုန်းနဲ့တွက်ရင်တော့ နည်းမယ်ထင်တယ်။ ၅ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။”

နေပြည်တော် မင်္ဂလာသီရိဟိုတယ်က အထွေထွေမန်နေဂျာ ဒေါ်လှမင်းမင်းကတော့ အခုလို နေပြည်တော် ခရီးသွားလုပ်ငန်းတိုးမြှင့်ရေး လုပ်ဆောင်မှာကို ကြိုဆိုလိုက်ပါတယ်။

“နေပြည်တော်လေဆိပ်က အစက ဧပြီမှာစဖွင့်မယ်ပေါ့။ အခန်းတွေပေးမယ်။ သူတို့ကို နေပြည်တော်ကိုလာလည်စေချင်တာက သိစေချင်တယ်။ အဲဒါကို ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ လာကြည့်ပါ၊ လာလည်ပါ နေပြည်တော်ကို လာစေချင်ပါတယ်ဆိုပြီး ကျမတို့ ၀န်ဆောင်မှု အပိုင်းရော အကုန်လုပ်ထားပါတယ်။”

နေပြည်တော်ဟိုတယ်ဇုန်အတွင်း လက်ရှိ ဟိုတယ် ၃၁ လုံးရှိပြီး၊ အခန်းပေါင်း ၃၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
လတ်တလောမှာ အစိုးရဧည့်သည် နိုင်ငံခြားသားတွေပဲ လာရောက်တည်းခိုကြတာများပြီး၊ အခန်း လုံလောက်မှု ရှိနေပေမယ့် တကယ်တမ်း ကမ္ဘာလှည့်ခရီးသည်တွေ လာရောက် လည်ပတ်မယ်ဆိုရင်တော့ အခန်းမလုံလောက်ဘူးလို့ နေပြည်တော်ဟိုတယ်ဇုန်က စုံစမ်းသိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013