DVB Logo
Home
မြန်မာသတင်း
ဗိုလ်တစ်ထောင်၊ ဒလနှင့် ပန်းဆိုးတန်းဆိပ်ကမ်းတို့တွင် ပုလင်းပုံစံ အမှိုက်ပုံးကြီးများ ထားမည်
DVB
·
March 17, 2020
ဗိုလ်တစ်ထောင်၊ ဒလနှင့် ပန်းဆိုးတန်းဆိပ်ကမ်းတို့တွင် ပုလင်းပုံစံ အမှိုက်ပုံးကြီးများ ထားမည်
1 / 5
Donate to DVB

စနစ်တကျ အမှိုက်စွန်ပစ်စေဖို့ ရည်ရွယ်ပြီး ဗိုလ်တစ်ထောင်ကမ်းနား၊ ဒလဆိပ်ကမ်း၊ ပန်းဆိုးတန်းဆိပ်ကမ်းတွေမှာ ပုလင်းပုံစံ အမှိုက်ပုံးကြီးတွေ ထားရှိပေးဖို့ စီစဉ်နေတယ်လို့  Clean Yangon အဖွဲ့က ပြောပါတယ်။

ပုလင်းပုံစံ အမှိုက်ပုံးကြီးတွေကို Clean Yangon အဖွဲ့က  ဒီဇိုင်းဆွဲ ဖန်တီးနေပြီဖြစ်ပြီး အမှိုက်ပုံးတွေရတာနဲ့ ဧပြီလဆန်းအတွင်း ချထားပေးသွားဖို့ စီစဉ်နေတာပါ။ 

မြစ်ချောင်းအနီးအနားတွေမှာ  စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာ များပြားနေတာကြောင့်   စည်းကမ်းတ ကျအမှိုက်စွန့်ပစ်စေဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ Clean Yangon  အဖွဲ့ တာဝန်ခံ ကိုဇေယျာထွန်းက ပြောပါတယ်။

ဘတ်ဂျက်အနေအထားအရ  ဒီဆိပ်ကမ်းနေရာတွေမှ ပုလင်းပုံစံ အမှိုက်ပုံး ၂ ပုံးလောက် ချထားပေးဖို့ ရှိနေပြီး နောက်ပိုင်းမှာ  သက်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင်နဲ့ စည်ပင်အဖွဲ့တို့ ခွင့်ပြုချက်နဲ့ အမှိုက်ပုံးတွေ တိုးမြှင့်ချထားပေးဖို့ အစီအစဉ်ရှိပါတယ်။  

Clean Yangon အဖွဲ့ဟာ ကမ်းခြေတွေ သန့်ရှင်းသာယာဖို့နဲ့ ပင်လယ်ရေညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့အတွက် ၂၀၁၉ ခုနှစ် မတ်လကစတင်ပြီး Clean Beach Program ကို စတင်အကောင်အထည်ဖော်လုပ်ဆောင်နေပါတယ်။   

ပြီးခဲ့တဲ့နှစ် မတ်လ ၁၀ ရက်နေ့ကလည်း ပထမအဆင့်အနေနဲ့ ချောင်းသာကမ်းခြေမှာ ငါးရုပ်သဏ္ဍာန် အမှိုက်ပုံးတွေ ထားရှိပေးခဲ့ပြီး အသိပညာပေးပိုစတာတွေကို ကပ်ခဲ့ပါတယ်။

 နန့်ခိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013