DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ လာမဖြေသူ ၆ သောင်းကျော်ရှိ
DVB
·
March 14, 2020
တက္ကသိုလ်ဝင်စာမေးပွဲ လာမဖြေသူ ၆ သောင်းကျော်ရှိ
Donate to DVB

နိုင်ငံတဝန်း ဖြေဆိုနေကြတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ လာမဖြေကြသူ ၆ သောင်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

စဖြေဆိုတဲ့ မတ် ၁၁ ရက် မြန်မာစာနေ့ကတည်းက ၆၁၁၃၄ ယောက်ပျက်ကွက်ခဲ့တာဖြစ်ပြီး ကျောင်းသားဦးရေက ပိုများပါတယ်။

အင်္ဂလိပ်စာဖြေစာရတဲ့နေ့မှာတော့ ၇၃၄ ယောက်ထပ်ပြီး လာမဖြေကြလို့ စုစုပေါင်း ၆၁၈၆၈ ယောက် ပျက်ကွက်ပါတယ်။

နိုင်ငံခြားစာစစ်ဌာနတွေမှာ ဖြေသူဆို ၁၄၁ ယောက်ရှိပြီး ပျက်ကွက်သူ မရှိပါဘူး။ ရာခိုင်နှုန်းအရ ပျက်ကွက်သူအများဆုံးကတော့ ချင်းပြည်နယ်မှာဖြစ်ပြီး စာရင်းပေးထားသူ ၁၄၁၇၇ ယောက်မှာ ၁၈၄၄ ယောက်ပျက်ကွက်ပါတယ်။ ရာခိုင်နှုန်းအရ ပျက်ကွက်သူ အနည်းဆုံးကတော့ မန္တလေးတိုင်းဖြစ်ပြီး ၉၅ ဒသမ ၃၈ ရာခိုင်နှုန်းလာရောက်ဖြေဆိုခဲ့ပါတယ်။

မနေ့က သင်္ချာဘာသာရပ်မှာတော့ စုစုပေါင်း ၆၂၁၈၅ ယောက်ပျက်ကွက်တာကြောင့် လာဖြေသူဦးရေဟာ ၉၃ ဒသမ ၆ ရာခိုင်နှုန်း၊ ၉၀၉၂၂၂ ယောက်ဖြေဆိုခဲ့ပါတယ်။ ဒီနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုဖြေဆိုဖို့ စာရင်းပေးထားသူဦးရေဟာ ၉၇၁၄၀၇ ယောက်ရှိပြီး ရန်ကုန်တိုင်းက ၁၃၅၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပါတယ်။

နိုင်ငံခြားစာစစ်ဌာနတွေအပါအဝင် မြန်မာတနိုင်ငံလုံးမှာ စာစစ်ဌာနပေါင်း ၁၉၉၉ ခုရှိပြီး ရန်ကုန်ပြည်သူဆေးရုံကြီးစာစစ်ဌာနမှာ ၇ ယောက်၊ မြောက်ဥက္ကလာပဆေးရုံကြီးမှာ ၉ ယောက်ရှိပြီး တနိုင်ငံလုံးမှာ ဆေးရုံစာဖြေသူ ၁၂၅ ယောက်ရှိပါတယ်။

အကျဉ်းထောင်နဲ့ အချုပ်ကျ စာဖြေသူ စုစုပေါင်း ၁၈၉ ယောက်ရှိပြီး တနိုင်ငံလုံးမှာ ကိုယ်အင်္ဂါမသန်စွမ်းသူ အယောက် ၁၇၀၊ အမြင်အာရုံမသန်စွမ်းသူ အယောက် ၃၀ နဲ့ အကြားအာရုံ မသန်စွမ်းသူ ၂၂ ယောက် ဖြေဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013