DVB Logo
Home
မြန်မာသတင်း
မြင့်မြတ်၊ ယုန်လေး၊ ယုသန္တာတင်တို့ ပါဝင်သည့် Original Gangster 3 ရုပ်ရှင်(နမူနာ)
DVB
·
March 13, 2020
မြင့်မြတ်၊ ယုန်လေး၊ ယုသန္တာတင်တို့ ပါဝင်သည့် Original Gangster 3 ရုပ်ရှင်(နမူနာ)
Donate to DVB

ကြမ်းကြမ်းရမ်းရမ်း ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် Original Gangster 3 ရုပ်ရှင်ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။

       ဒီကားကိုတော့ ဇာတ်လမ်းနဲ့ ဒါရိုက်တာ ယုန်လေးက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

       ဒီကားကတော့ အရင်ထွက်ရှိခဲ့ပြီးဖြစ်တဲ့ Original Gangster 1 ၊ Original Gangster 2 ရုပ်ရှင်ကားတွေရဲ့ ၃ ကားမြောက် နောက်ဆက်တွဲရုပ်ရှင်ကားတကားအနေ နဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ ဒီကားထဲမှာရော ပြန်ပေးဆွဲမှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှု အက်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဘယ်လိုရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကိုတော့ မကြာခင်မှာပဲ ပရိသတ်တွေက ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

       ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်မင်းသား မြင့်မြတ်၊ ထူးခြား၊ ယုန်လေး၊ သရုပ်ဆောင်မင်းသမီး ယုသန္တာတင်တို့နဲ့အတူ တခြား အဆိုတော်၊ အလှမယ်၊ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ Jenny ၊ ညိုမင်းလွင်စတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

       လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

       ဒီကားကိုတော့ လာမယ့် မတ်လ ၁၉ ရက်နေ့မှာ စတင်ပြီးတော့ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013