DVB Logo
Home
မြန်မာသတင်း
စီးပွားရေးနှင့်သက်ဆိုင်သည့် ၀န်ကြီးဌာနက ပုဂ္ဂိုလ်များကိုသာ အကြံပေးခန့်မည်
DVB
·
March 20, 2013
Donate to DVB

တကမ္ဘာလုံးမှာရှိတဲ့ မြန်မာ့ကုန်သွယ်ဘက်နိုင်ငံတွေမှာ စီးပွားရေးအကြံပေး ကိုယ်စားလှယ်တွေအဖြစ် စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေက ပုဂ္ဂိုလ်တွေကိုပဲ ခန့်အပ်သွားတော့မယ်လို့ သိရှိရပါတယ်။

အရင် နိုင်ငံခြားရေးဝန်ကြီးဌာနက တစိတ်တပိုင်းလုပ်ကိုင်နေတဲ့ စီးပွားရေးအကြံပေး ကိုယ်စားလှယ်တွေနေရာမှာ အခုလို ပြောင်းလဲခန့်ထားပြီး လုပ်ကိုင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပြောင်းလဲခန့်ထား ဆောင်ရွက်ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စီးပွားကူးသန်းဝန်ကြီးဌာန ၀န်ကြီးရုံး ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ခုလို ပြောပါတယ်။

“စီးပွားရေးအကြံပေးတာတွေကို အရင်ခေတ်အခြေအနေအရ နိုင်ငံခြားရေးဝန်ကြီးဌာနကပဲ တာဝန်ယူလုပ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပင်မအလုပ်အပြင် ဒီအလုပ်ကိုပါ တွဲပြီး တာဝန်ယူရတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ထိထိရောက်ရောက်လုပ်နိုင်တဲ့ အနေအထားမရှိပါဘူး။ ဥပမာ ကုန်သည်တယောက်က ပဲပို့ချင်တယ်ဆိုရင် အိန္ဒိယမှာ ပဲဈေးကွက်က မွမ်ဘိုင်းမှာ ဘယ်လောက်၊ ကာလကတ္တားမှာ ဘယ်လောက်လဲဆိုတာ ကျနော်တို့က မသိနိုင်သလို၊ နိုင်ငံခြားက မြန်မာပြည်က ဆန်ဝယ်ချင်တယ်ဆိုရင် ဘယ်ဆန်က ဘယ်နေရာမှာ ဘယ်လောက်ဈေးရှိတယ်ဆိုတာကို သူတို့တွေ အချိန်နဲ့တပြေးညီ မသိနိုင်ခဲ့ပါဘူး။  အဲဒါတွေအားလုံးသည် အပြန်အလှန်ချိတ်ဆက်မှုတွေ အားနည်းလို့ ဈေးကွက်ရဲ့ အခြေအနေမှန်ကို သက်ဆိုင်ရာ နှစ်ဖက်လုံးကကုန်သွယ်တွေက မသိတော့ ကြားထဲမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှု၊ နစ်နာမှုတွေ တနည်းအားဖြင့် အချိန်နဲ့တပြေးညီလုပ်ဆောင်ရမယ့် ကိစ္စအပိုင်းတွေမှာ အများကြီး လစ်ဟာခဲ့တဲ့အပိုင်းတွေရှိတယ်။

“ဒီအစိုးရသစ်လက်ထက်မှာတော့ ဒါတွေကိုပြန်ကုစားဖို့၊ အရင် နိုင်ငံခြားရေးဝန်ကြီးဌာနက တွဲဖက်တာဝန်ယူနေတဲ့ စီးပွားရေးအကြံပေးတွေကို စီးပွားရေးနဲ့သက်ဆိုင်တဲ့ ၀န်ကြီးဌာနများကသာ ရွေးချယ်ထားတဲ့ စီးပွားရေးအကြံပေးအစစ်တွေကို ခန့်ပြီးတော့ အဓိကကုန်သွယ်ဘက်နိုင်ငံ ၇ နိုင်ငံမှာ စထားပါမယ်။ ပြီးရင်တော့ ထပ်မံတိုးချဲ့ပြီးတော့ ကုန်သွယ်ရေးပမာဏမြင့်ရင် မြင့်လာတဲ့အနေအထားပေါ် မူတည်ပြီး သက်ဆိုင်ရာနိုင်ငံတွေမှာ တကမ္ဘာလုံးမှာ ဆက်ထားဖို့ ကျနော်တို့ အစီအစဉ် ရေးဆွဲထားတယ်။”

ဧပြီလ ၁ ရက်ကစပြီး ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင် စတဲ့ နိုင်ငံတွေမှာ ထားရှိ လုပ်ကိုင်ဆောင်ရွက်သွားတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလ ၁ ရက်ကစပြီး စီးပွားကူးသန်းဆိုင်ရာ သတင်းအချက်အလက်တွေ အချိန်နဲ့ တပြေးညီ ရရှိဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“ပြည်တွင်းမှာ ရှိတဲ့ ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးကွက်တွေရဲ့ သတင်းကိုလည်း အချိန်မီကျနော်တို့ရဲ့ ၀က်ဘ်ဆိုဒ်မှာ တင်သလို သက်ဆိုင်ရာ မြို့အသီးသီးမှာလည်း အွန်လိုင်းနဲ့ တပြေးညီမျှဝေပေးပါမယ်။ ထို့အတူ နိုင်ငံတကာမှာဖြစ်ပေါ်နေသော ပို့ကုန် သွင်းကုန်နဲ့ ပတ်သက်တဲံ သိချင်တဲ့ အချက်အလက်တွေကိုလည်း ကျနော်တို့နိုင်ငံက အချက်တွကိုလည်း သက်ဆိုင်ရာ နိုင်ငံမှာရှိတဲ့ counsellor ရုံးတွေမှာ အချိန်မီပို့ပေးပါမယ်။ သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ demand နဲ့ ဖြစ်ပေါ်နေတဲ့ အနေအထားတွေကိုလည်း ပြည်တွင်းကို သက်ဆိုင်ရာ counsellor ရုံးတွေကတဆင့် အချိန်နဲ့တပြေးညီ ကျနော်တို့ဆီ ပြန်မျှဝေပေးမယ်။ ဒီသဘောမျိုးဖြစ်ပါတယ်။”

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ လက်ရှိ ၀က်ဘ်ဆိုဒ် အင်တာနက်စာမျက်နှာကနေ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးသွားမှာလည်း ဖြစ်ပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံကိုလည်း ဧပြီ ၁ ရက်ကစပြီး ပြင်ဆင်ပြောင်းလဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013