DVB Logo
Home
မြန်မာသတင်း
အနှစ် ၂၀ ကြာ သုံးစွဲခဲ့သည့် FEC ကို ပြန်ရုပ်သိမ်းတော့မည်
DVB
·
March 20, 2013
အနှစ် ၂၀ ကြာ သုံးစွဲခဲ့သည့် FEC ကို ပြန်ရုပ်သိမ်းတော့မည်
Donate to DVB

၁၉၉၃ ခုနှစ်ကစပြီး နှစ်ပေါင်း ၂၀ ကြာ အမေရိကန် ဒေါ်လာ အစား သတ်မှတ်သုံးစွဲနေတဲ့ FEC တွေကို ပြန်လည် ရုပ်သိမ်းဖို့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သဘောတူညီခဲ့ပါတယ်။

မတ် ၂၀ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ အခုလို

အတည်ပြုလိုက်တာလို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက ပြောပါတယ်။

ဒီအတွက် အသုံးပြုနေတဲ့ FEC တွေကို ဈေးကွက်ပေါက်ဈေးအတိုင်း လဲပေးသွားမှာ ဖြစ်တယ်လို့လည်း သူက အခုလို ပြောပါတယ်။

“FEC တွေထုတ်ပြီး သုံးစွဲနေတာလည်း နှစ်ပေါင်း ၂၀ လောက် ရှိပြီ။ အခုလည်း တခြားနိုင်ငံက ပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ဒေါ်လာငွေနဲ့ မြန်မာငွေကို ဈေးကွက်ပေါက်ဈေးအရ တိုက်ရိုက်လဲလှယ်သုံးစွဲခွင့်ပြုထားပြီဆိုတာ ရှင်းပြပြီးတော့ သ၀ဏ်လွှာပါအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်ရယူတာပါ။ ဖျက်သိမ်းပြီးတော့ ပြန်လည် ရွေးနုတ်ယူမယ့် ကြေညာချက်ဆိုတော့ ပြန်လဲပေးမှာပေါ့လေ။ FEC ၁ ဒေါ်လာပေးတိုင်း အမေရိကန် ၁ ဒေါ်လာပြန်ပေးမယ်ပေါ့ သို့မဟုတ် မြန်မာငွေ ဈေးကွက်ပေါက်ဈေးအတိုင်း ပြန်ပေးမှာပေါ့။”

FEC တွေကို ၁၉၉၃ ခုနှစ်ကတည်းက စတင်ပြီးတော့ အမေရိကန်ဒေါ်လာ အစား ကြားခံ အဖြစ် အသုံးပြုလာတာ ဖြစ်ပြီးတော့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အကြံပြုချက်နဲ့  ပြန်လည် ရုပ်သိမ်းဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်ကို တောင်းခံခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့  ပြည်သူလူထုအတွင်း လှည့်ပတ်သုံးစွဲနေတဲ့ FEC ပမာဏ ယူနစ် သန်း ၃၀ ကျော်ရှိပြီး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်နဲ့ ညီမျှတဲ့အကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

FEC တွေကို ပြည်တွင်းမှာ အမေရိကန်ဒေါ်လာအစား လစာတွေပေးတာ၊ ကုန်စည်နဲ့ ၀န်ဆောင်မှုအတွက် ပေးချေတာ စတဲ့ နေရာတွေမှာ အသုံးပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013