DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာမြို့တွင် ရွှေဆိုင်ဖျက်
DVB
·
March 20, 2013
မိတ္ထီလာမြို့တွင် ရွှေဆိုင်ဖျက်
Donate to DVB

မိတ္ထီလာမြို့ မိတ္ထီလာဈေးအတွင်းရှိ ရွှေဆိုင်တခုမှာ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က ရွှေအရောင်းအ၀ယ်ပြုလုပ်ရာကနေ မကျေမလည်ဖြစ်ပြီး ရွှေဆိုင်ဖြိုဖျက်မှု ဖြစ်ပွားခဲ့တယ်လို့ အမှတ် ၂ ရဲစခန်းက ပြောပါတယ်။

[caption id="attachment_37605" align="alignleft" width="300" caption="ဓာတ်ပုံ - လူထု မောင်ကာဠု"][/caption]

“ဖြစ်တာက ရွှေလာရောင်းတဲ့ လင်မယား ၂ ယောက်။ ရွှေဆိုင်မှာ ရှိတာက ၃ ယောက်။ အဲမှာ ရွှေရောင်းရွှေဝယ်လုပ်နေရင်း အချင်းများပြီး ရန်ဖြစ်ကြတာ။ လာရောင်းတဲ့သူ (ယောက်ျား) က အရိုက်ခံလိုက်ရတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး၊ ခေါင်း နည်းနည်း ပေါက်သွားတယ်။ ဘာမှတော့ မစိုးရိမ်ရဘူး။ အမျိုးသမီးလည်း မစိုးရိမ်ရဘူး။”

အဲဒီလို အချင်းများရာကနေ ဘေးပတ်ဝန်းကျင်ကလူတွေပါ ရောက်လာပြီး ထင်ယောင်ထင်မှားနဲ့ ရွှေဆိုင်ကို ၀င်ရောက်ဖျက်ဆီးကြတာလို့ ပြောပါတယ်။

အခင်းဖြစ်နေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ အထက်မြန်မာပြည် ဗကသများအဖွဲ့ချုပ် (မိတ္ထီလာ)က ကိုအောင်နေပိုင်က ဒီနေ့ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ ပုဂ္ဂိုလ်ရေးကိစ္စပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“သာမန်ဖြစ်စဉ်လို့ပဲပြောမယ်။ လူမျိုးရေးကိစ္စနဲ့တော့ တအားကြီးမဆိုင်ဘူး။ မိတ္ထီလာကလည်း ဒါမျိုးအစဉ်အလာလည်း ရှိတာနည်းတယ်။ ဒီအတိုင်းဖြစ်တဲ့အပေါ်မှာ လူတွေက အာရုံစိုက်သွားတာလောက်ပဲလို့ မြင်တယ်။ ဒီနေ့မြင်ရတဲ့ကိစ္စမှာကျတော့ မိတ္ထီလာအနေနဲ့ ရဲ၊ လုံခြုံရေးအင်အားလည်း အဆင်ပြေတယ်။ ရဲအင်အားလည်း အချိန်မီရောက်သွားနိုင်တယ်။ ဖြစ်တဲ့ပြဿနာမှာလည်း ဘာသာရေးကြောင့်လည်းမဟုတ်ဘူး။ နိုင်ငံရေးနဲ့ လူမျိုးရေးတွေကြောင့်လည်း မဟုတ်ဘူး။ သူတို့ ပုဂ္ဂိုလ်ရေးချင်းကြောင့် ဈေးဝယ်သူနဲ့ ဈေးရောင်းသူချင်း ပုံမှန်ဖြစ်တဲ့ကိစ္စလို့ပဲ မြင်တယ်။”

အခြေအနေကို မိတ္ထီလာရဲစခန်းက ထိန်းထိန်းသိမ်းသိမ်းဖြစ်အောင် တာဝန်ယူဆောင်ရွက်နေတယ်လို့ ရဲတာဝန်ရှိသူက ပြောပါတယ်။

ဒီနေ့ဖြစ်စဉ်ကြောင့် လူသေဆုံးမှုမရှိဘဲ ပစ္စည်းပျက်စီးဆုံးရှုံးတာပဲ ရှိခဲ့ပြီး မိတ္ထီလာဈေးကိုတော့ ပိတ်ထားလိုက်ရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013