DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးပြဿနာကို ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ပလောင်လူငယ်များပြော
DVB
·
March 20, 2013
မူးယစ်ဆေးပြဿနာကို ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ပလောင်လူငယ်များပြော
Donate to DVB

ပလောင် (တအာင်း) လူငယ်တွေအကြား မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် နောက်လာမယ့် ၁၅ နှစ်လောက်အတွင်း မျိုးတုံးသွားနိုင်တဲ့ အခြေအနေနဲ့ ကြုံနေရတဲ့အတွက် ဒေသတွင်းမှာ မူးယစ်ဆေးဝါးကို ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ပလောင်လူငယ်တွေက ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ အောင်မင်္ဂလာဓမ္မာရုံမှာ မတ် ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ပြုလုပ်တဲ့ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာပလောင် (တအာင်း) လူငယ်မောင်မယ်များ နှီးနှောဖလှယ်ပွဲမှာ ပြောကြားလိုက်တာပါ။

ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲကို ဦးဆောင်သူတဦးက “ကျနော်တို့ ပလောင်လူငယ်တွေ ဘယ်အဆင့်ထိ ဖြစ်နေပြီလဲ။ ပလောင်ဟာ လူမျိုးစုအသေးလေးဖြစ်တဲ့အတွက် ပလောင်လူမျိုးတွေ ဘယ်အဆင့်ထိ ရောက်နေလဲဆိုတာ လူငယ်တွေကို သိစေချင်တယ်။ သိပြီးမှ ရှေ့ဆက်လုပ်ရမယ့်ဟာတွေ သူတို့ မြင်လာမယ်။ နောက် ၁၅ နှစ်လောက်ဆိုရင် ကျနော်တို့ ပလောင်တွေ မျိုးတုံးသွားနိုင်တဲ့ အခြေအနေမျိုး၊ ဒါတွေကို လူငယ်တွေ သိသွားအောင် အခုလို လုပ်ရတာဖြစ်တယ်။”

ဒီပွဲကိုလုပ်ခြင်းအားဖြင့် ပလောင်လူငယ်တွေအချင်းချင်း ရင်းနှီးမှု တိုးတက်လာပြီး နောက်ပိုင်း ဒေသဖွံ့ဖြိုးရေး ပိုမိုလုပ်ဆောင်နိုင်တော့မယ်လို့ အခမ်းအနားတက်ရောက်တဲ့ လူငယ်တဦးက ပြောပါတယ်။

“လူငယ်တွေ တွေ့ဆုံနိုင်ဖို့ဆိုတာ အတော်ခဲယဉ်းတယ်။ တောင်ပိုင်း၊ မြောက်ပိုင်း တနေရာစီ နေကြတယ်။ မူဆယ်၊ နမ့်ခမ်း၊ လားရှိုးဘက်မှာ နေတဲ့သူတွေလည်း ရှိတယ်။ သူတို့တွေအချင်းချင်း သိကြမယ်၊ ချစ်ခင်ကြမယ်။ နောက်ပိုင်း ဒေသဖွံ့ဖြိုးရေးတွေ၊ လူမှုဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေးကိစ္စတွေ လုပ်လာတဲ့အခါမှာ ဒီလူငယ်တွေက အချင်းချင်းပူးပေါင်းလက်တွဲပြီး လုပ်ဆောင်လာနိုင်မယ်။”

ဒါ့အပြင် မြန်မာပြည်အနှံ့ ရောက်ရှိနေတဲ့ တအာင်းလူငယ်မောင်မယ်တွေအနေနဲ့ ဘာသာစကား မပျောက်ကွယ်ဖို့နဲ့ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စတွေကိုလည်း ညှိနှိုင်း ဆွေးနွေးခဲ့ကြ ပါတယ်။

ဆွေးနွေးပွဲကို ကလော၊ တောင်ကြီး၊ နမ့်ဆမ်၊ နမ့်ခမ်း၊ လားရှိုး၊ လွိုင်လင်၊ မန်တုံ၊ ကွတ်ခိုင်၊ သီပေါ၊ ပြင်ဦးလွင်၊ မန္တလေးနဲ့ ရန်ကုန်ဒေသတို့က တအာင်း (ပလောင်) လူငယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

လာမယ့်နှစ်တွေမှာလည်း တအာင်း (ပလောင်) လူငယ်နှီးနှောဖလှယ်ပွဲတွေကို ပြုလုပ်သွားမယ် လို့ ပြောပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013