DVB Logo
Home
သတင်းတို
သင်္ကြန်ကာလ အမျိုးသမီးများ ၀တ်စားဆင်ယင်မှုအပါအ၀င် စည်းကမ်းချက်များ ထုတ်ပြန်
DVB
·
March 20, 2013
သင်္ကြန်ကာလ အမျိုးသမီးများ ၀တ်စားဆင်ယင်မှုအပါအ၀င် စည်းကမ်းချက်များ ထုတ်ပြန်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ လာမယ့် သင်္ကြန်ကာလ မဏ္ဍပ် တည်ဆောက်မယ့်သူတွေ အနေနဲ့ ရေကစားမယ့် အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုဆိုင်ရာ ကိစ္စအပါအ၀င် စည်းကမ်းချက် ၂၇ ချက် သတ်မှတ်ထားတယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။

[caption id="attachment_37587" align="alignright" width="195" caption="(Photo_ Reuters)"][/caption]

အဲဒီ အချက်တွေအထဲမှာ ဖွင့်ပွဲနေ့ ငွေဖလားမှာ အမွှေးနံ့သာထည့်ပြီး ရေကစားဖို့၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ အပြုအမူ၊ အပြောအဆို၊ ၀တ်စားဆင်ယင်မှု၊ ခုန်ပေါက် အော်ဟစ်သီဆိုမှု မလုပ်ဖို့ ဒါကို မဏ္ဍပ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွပ်ကဲဖို့၊ ရေပက်ခံလာသူတွေကိုလည်း ဟီရိဩတ္တပ္ပ ကင်းမဲ့တဲ့အ၀တ်တွေနဲ့ ကပြ၊ သီဆိုတာနဲ့ ရေပက်ခံတာ မလုပ်အောင် မဏ္ဍပ်တာဝန်ခံတွေက ကြပ်မတ်ဖို့၊ မဏ္ဍပ်မှာ စီစီတီဗွီ ကင်မရာတွေ တပ်ဆင်ထားပြီး နေ့စဉ် ည ၇ နာရီ ရောက်တာနဲ့ လုံခြုံရေးဆပ်ကော်မတီကို တင်ပြဖို့ အချက်တွေ ပါဝင်ကြောင်း သိရပါတယ်။

စည်းကမ်းမလိုက်နာတဲ့သူတွေကို သက်ဆိုင်ရာက ခေါ်ယူသတိပေးမှာဖြစ်ပြီး မလိုက်နာရင် မဏ္ဍပ်ကို ပိတ်သိမ်းမယ်လို့လည်း ထုတ်ပြန် ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013