DVB Logo
Home
မြန်မာသတင်း
ရှမ်းနှင့်ကယား ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေး
DVB
·
March 20, 2013
ရှမ်းနှင့်ကယား ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေး
Donate to DVB

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့  နိုင်ငံရေးပါတီတွေ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဒီကနေ့ စတင်ကျင်းပပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေက နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်း ၁၉ ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်ပြီး ၃ ရက်ကျင်းပမယ့်  ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲရဲ့ ပထမရက်ကို  မတ်လ ၂၀ ရက်နေ့က လားရှိုးမြို့ လားရှိုးမိုတယ်မှာ ကျင်းပခဲ့တာပါ။

ဒီကနေ့ အခမ်းအနားအဖွင့်မိန့်ခွန်းထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီချုပ်ခေါင်းဆောင် ခွန်ထွန်းဦးက ငြိမ်းချမ်းရေးအတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းအလိုက် ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုတယ်ဆိုတာကို ပြောပါတယ်။

“ဒီကိစ္စက လူတဦးတယောက်တည်း လုပ်လို့မရဘူး။ အားလုံးဝိုင်းလုပ်မှရမယ်။ ပါတီလည်း ပါတီအလိုက်၊ လူလည်း လူအလိုက်ပါပဲ။ နောက် ကျနော်တို့သွားချင်တဲ့ ဖက်ဒရယ်စနစ်ကလည်း အရမ်းကာရော ပြောတာမဟုတ်ပါဘူး။ ပင်လုံရဲ့စာချုပ်မှာလည်းပါခဲ့တဲ့ ပင်လုံစိတ်ဓာတ်၊ ပင်လုံမူ၊ ပင်လုံရဲ့သွားလိုတဲ့ဆန္ဒတွေပေါ့ အဲဒါတွေအကုန် ကျနော် ရှင်းပြတာပါ။”

ဒီကနေ့အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ၃ ဦးနဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေလည်း တက်ရောက်သလို တိုင်းရင်းသားအဖွဲ့ ၂၀ ခန့်လည်း တက်ရောက်ပါတယ်။

အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုတွေရှိနေတယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

“ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်အတွက် ချီတက်ရမယ့်ခရီးမှာ သိမ်မွေ့နက်နဲတဲ့စိန်ခေါ်မှုတွေ အများကြီးရှိနေပြီး ခက်ခဲတဲ့ရွေးချယ်မှုတွေ လုပ်နိုင်ဖို့နဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ မယိုင်မလဲချမှတ်ဖို့ ကျနော်တို့အားလုံး ပြင်ဆင်ထားရမှာဖြစ်တယ်။ ကျနော်တို့ အနေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကြားမှာရှိတဲ့ မှန်ကန်တဲ့ စိတ်ရင်းစေတနာကို အရင်းခံပြီး ဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်သွားကြရမှာဖြစ်တယ်။”

ဒါ့အပြင် နိင်ငံရေးပါတီတွေကိုယ်စား ဦးအေးသာအောင်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုယ်စား ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ) နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်တို့ကလည်း အမြင်သဘောထားတင်ပြခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က “မြန်မာနိုင်ငံမှာ နှစ်ရှည်လများခံစားလာခဲ့ရတဲ့ ပြည်တွင်းစစ်ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ လုပ်ငန်းစဉ်မှာ ဒီဆွေးနွေးပွဲသည် အတိုင်းအတာတခုအထိ အကျိုးပြု၊ အထောက်အကူပြုမယ်လို့ ကျနော်က ယုံကြည်ပါတယ်။”

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကမကထလုပ် ကျင်းပပြုလုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တာပါ။
အခုအကြိမ်မှာတော့  ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေက တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ထပ်မံပါဝင် ဆွေးနွေးလာကြတာဖြစ်ပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013