Home
မြန်မာသတင်း
မကွေးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး လောင်းကစားဝိုင်းများဖမ်းဆီး
DVB
·
March 10, 2020
89826057_1603188379819388_3063872417328791552_n
89257855_1603188346486058_9208059980228329472_n
89022381_1603188303152729_2445040051713736704_n
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာ မတ်လ ၉ ရက်နေ့က တိုင်းအဆင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ချောက်မြို့နယ် စလေမြို့ ထောက်ရှာကန်ကျေးရွာ လောင်းကစားဝိုင်းကို ဝင်ဖမ်းဆီးခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက  "လယ်ကွင်းထဲက သရက်တောအုပ်အတွင်းမှာလုပ်နေတာ။ တိုင်းအဆင့် ရဲမှူးတယောက်ပါတယ်။  လူတွေတော့မမိဘူး။ ငါတို့လာတာမြင်တော့ပြေးတာထင်တယ်"လို့ ပြောပါတယ်။ လောင်းကစားဝိုင်းတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူပေးဖို့  ပြည်ထဲရေးဝန်ကြီးကို ပြောဆိုတာတွေရှိခဲ့ပေမယ့် နယ်မြေခံရဲတပ်ဖွဲ့တွေ ဖမ်းဆီးတာမရှိလို့ ဝန်ကြီးချုပ်ကသူကိုယ်တိုင် ဝင်ရောက်ဖမ်းဆီးတာ ဖြစ်ပါတယ်။ ဓာတ်ပုံ- မကွေးတိုင်းဝန်ကြီးချုပ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024