DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း ပြန်ဖွင့်လှစ်
DVB
·
March 19, 2013
မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း ပြန်ဖွင့်လှစ်
Donate to DVB

အစိုးရနဲ့ ကေအိုင်အိုအကြား ဆွေးနွေးပွဲရဲ့ နောက်ဆုံးဖြစ်ထွန်းမှု ရလဒ်အဖြစ် ၂၀၁၁ ခုနှစ် ကုန်ပိုင်းက ပိတ်ထားတဲ့ ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းနဲ့ လိုင်ဇာလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်းအောင်က “လောလောဆယ် ဟိုတလောတုန်းက သဘောတူထားတဲ့ အချက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် လမ်းတွေဖွင့်ပေးတာရှိပါတယ်။ ၁၇ ရက်နေ့က ဖွင့်တာ မြစ်ကြီးနားလမ်းတို့၊ လိုင်ဇာလမ်းတို့ ဖွင့်ပါတယ်၊ ပွင့်သွားပြီ။ အဲဒါပြီးရင် အချင်းချင်း တပ်ပိုင်းဆိုင်ရာတွေ ရွှေ့ဖို့ပြောင်းဖို့နဲ့တူတယ်။ သဘောတူတာတော့ အရင်တုန်းကလည်း သဘောတူတာတော့ရှိတာပေါ့နော်။ ဒါပေမယ့် လက်တွေ့ အကောင်အထည် မဖော်နိုင်တာပေါ့။ ဒီတခေါက်တော့ အကောင်အထည်တော့ ပေါ်နေပြီ” လို့ ဆိုပါတယ်။

မြစ်ကြီးနား-ဗန်းမော်လမ်းကြောင်းပေါ်မှာရှိနေပြီး လဂျားယန်ကနေ ခွဲထွက်တဲ့ တရုတ်-မြန်မာနယ်စပ်က ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာလမ်းကိုလည်း မနေ့ကစပြီး လိုင်းကားတွေ သွားနေပြီလို့ ပြောပါတယ်။

ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့) နဲ့ အစိုးရအကြား နှစ်ဘက်ဆွေးနွေးပွဲတွေကို  ဧပြီလ ၁၀ ရက်မတိုင်ခင် ထပ်လုပ်ကြဖို့ နှစ်ဘက် သဘောတူထားကြပါတယ်။

မြစ်ကြီးနားကားကြီးဝင်း တာဝန်ရှိသူတဦးက ကားလမ်းပိုင်းကို မနေ့က ဖွင့်တာဖြစ်ပြီး ကုန်သည်တွေ ကျယ်ကျယ်ပြန့်ပြန့် မသိကြသေးသလို အသွားအလာသိပ်မရှိသေးဘူးလို့ ဆိုပါတယ်။

“ဗန်းမော်နဲ့ မြစ်ကြီးနား လမ်းပိုင်းပိတ်ဆို့တဲ့အတွက် မြစ်ကြီးနားဒေသ ကုန်သည်တွေအတွက် မထောင်းတာပဲ တခြားလမ်းကြောင်းကနေ သွားလာနေတယ်။”

အစိုးရနဲ့ ကေအိုင်အိုအကြား ဖေဖော်ဝါရီနဲ့ မတ် ဆွေးနွေးပွဲတွေအပြီး နှစ်ဘက်တိုက်ပွဲတွေ ရပ်စဲသလောက်ဖြစ်သွားခဲ့ပြီး အခု ပိတ်ထားတဲ့ကားလမ်းပိုင်းတွေ ဖွင့်ဖို့အထိ တိုးတက်လာတာပါ။

ဒီလိုလမ်းပိုင်းတွေဖွင့်လှစ်တာဟာ နှစ်ဘက်က တာဝန်ရှိသူတွေဆွေးနွေးပွဲတွေရဲ့ ရလဒ်ဖြစ်တယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ပြောဆိုပြီး တပ်အရွှေ့အပြောင်းကိစ္စတွေကိုတော့ ယုံကြည်မှုတည်ဆောက်ရင်း လုပ်ဆောင်သွားကြမယ်လို့ ပြောပါတယ်။

“အဲဒါတွေကတော့ တဆင့်ပြီးတဆင့်လုပ်မှရမယ်လေ။  ဖေဖော်ဝါရီ ၄ ရက် စစ်ရှိန်ချ၊ မတ်လ ၁၀၊ ၁၁ နဲ့ ၁၂ ရက်တွေမှာ ယုံကြည်မှု ပိုရပေါ့ဗျာ။ နောက်တခါ ဧပြီ ၁၀ ရက် မတိုင်တွေ့ရင် ပိုပြီး ယုံကြည်မှုတွေပိုရှိ ဆိုတာလို အဆင့်လိုက် သွားမှပဲ ရမှာလေ။ မဟုတ်လို့ကတော့ သိပ်မြန်ချင်ရင်လည်း အဆင်မပြေတာ ဖြစ်သွားမှာ ကြောက်ရတာပေါ့” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလဆန်းနဲ့ မတ်လလယ် တရုတ်နိုင်ငံ ရွှေလီမှာလုပ်တဲ့ ဆွေးနွေးပွဲတွေမှာ တိုက်ပွဲတွေ အရင်လျှော့ဖို့ ဆွေးနွေးသဘောတူခဲ့ပြီး လာမယ့်ဆွေးနွေးပွဲမှာတော့ အပစ်အခတ်ရပ်စဲရေး၊ နယ်မြေသတ်မှတ်ရေးနဲ့ ဆက်ဆံရေးရုံးကိစ္စတွေ ဆွေးနွေးဖွယ်ရှိတယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တချို့က သုံးသပ်ကြပါတယ်။

၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့အပစ်ရပ်ခဲ့တဲ့ ကေအိုင်အိုအဖွဲ့ဟာ ၂၀၁၁ ခုနှစ်ဇွန်လဆန်းမှာ ၁၇ နှစ်ကြာမြင့်တဲ့ အပစ်အခတ်ရပ်စဲရေးပျက်ခဲ့ပြီး တိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၁ သိန်းလောက် ရှောင်တိမ်းခိုလှုံနေကြပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013