DVB Logo
Home
မြန်မာသတင်း
ဂျပန်ရင်းနှီးမြှုပ်နှံမှု ထိုင်း-မြန်မာနယ်စပ်သို့ ထိုးဖောက်ဝင်ရောက်ရန်ရှိ
DVB
·
March 19, 2013
ဂျပန်ရင်းနှီးမြှုပ်နှံမှု  ထိုင်း-မြန်မာနယ်စပ်သို့ ထိုးဖောက်ဝင်ရောက်ရန်ရှိ
Donate to DVB

ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ  ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်ဒေသမှာ ထိုးဖောက် ၀င်ရောက်လာတော့မယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံက စီးပွားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး မစ္စတာ ကီမီနိုရီ အိုင်ဝါမာ နဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက တာဝန်ရှိသူတွေဟာ မတ်လ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာ တာ့ခရိုင် မဲဆောက်ဒေသနဲ့ မြန်မာနိုင်ငံ  မြ၀တီခရိုင်ကြား လမ်းပန်းဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လေ့လာမယ်လို့ မဲဆောက်မြို့တော်ဝန် နိုင်းထိုတ်ကစ် ချိန့်ဆွန်လနန်က ပြောပါတယ်။

[caption id="attachment_37563" align="alignright" width="300" caption="မဲဆောက်မြို့တော်ဝန် နိုင်းထိုတ်ကစ် ချိန့်ဆွန်လနန်"][/caption]

ဂျပန်ဝန်ကြီး နဲ့ အဖွဲ့ဟာ ဒီခရီးစဉ်အတွင်း မဲဆောက်မှာ အထူးစီးပွားရေးဇုန်ဖွင့်လှစ်ရေး နဲ့ စီးပွားရေးဇုန်မှာ အထူးဒေသအဖြစ် ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရရေးအတွက်  ဒေသဆိုင်ရာ အာဏာပိုင်တို့ရဲ့ ဥပဒေပြဋ္ဌာန်းချက် ပြင်ဆင်ထားမှု အခြေအနေ၊ စီးပွားရေးလုပ်ငန်းရှင်တို့ရဲ့ လုပ်ပိုင်ခွင့် အကျိုးစီးပွားတွေလည်း သိလိုတယ်လို့ မဲဆောက်မြို့တော်ဝန်က ပြောပါတယ်။

ဒါဟာ မကြာခင် စီးပွားရေးဇုန်ဖြစ်လာတော့မယ့် မဲဆောက်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေကို ပြန်ပြီး တင်ပြနိုင်ဖို့ ဖြစ်တယ်လို့လည်း ဂျပန်ဝန်ကြီးက မဲဆောက်မြို့တော်ဝန်ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

မဲဆောက်ဒေသဟာ အာဆီယံစီးပွားရေးလူမှုအသိုင်းအ၀ိုင်း AEC နဲ့ အရှေ့အနောက် စီးပွားရေးစင်္ကြန် East-West Economic Corridor (EWEC) တို့ကို ဆက်သွယ်ပေါင်းကူးနိုင်မယ့် အချက်အချာ နေရာတခုဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ရှုမြင်တဲ့အတွက် အခုလို လာရောက်လေ့လာတာလို့လည်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013