DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် CarsDB  Auto Show Mandalay 2020 မော်တော်ကားအရောင်းပြပွဲ ကျင်းပ 
DVB
·
March 9, 2020
မန္တလေးမြို့တွင် CarsDB  Auto Show Mandalay 2020 မော်တော်ကားအရောင်းပြပွဲ ကျင်းပ 
1 / 5
Donate to DVB

CarsDB Auto Show Mandalay 2020 မော်တော်ယာဉ် အရောင်းပြပွဲကို မန္တလေးကွန်ဗန်းရှင်းစင်တာမှာ မတ် ၆ ရက်နေ့က  ၃ ရက်တိုင် ကျင်းပနေပါတယ်။

ဒီပွဲမှာကား Brand ၁၅ ခုလောက် ပါဝင်ပြသထားတဲ့အပြင် တပတ်ရစ်ကားတွေကိုလည်း ပြသထားပါတယ်။

ကားထုတ်လုပ်သူတွေ၊ ဖြန့်ဖြူးရောင်းချသူတွေ၊ ကားနဲ့ ဆက်စပ်လုပ်ငန်းတွေ၊ မော်တော်ယာဉ် အရစ်ကျ ဝယ်ယူနိုင်တဲ့ ဘဏ်နဲ့ အာမခံလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ကားသစ်၊ တပတ်ရစ်ကားတွေနဲ့ မော်တော်ယာဉ်နဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေကို တနေရာတည်း ရရှိနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံက မော်တော်ယာဉ်လုပ်ငန်းစုကြီးကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

Cars DB ရဲ့ Operation Manage ကိုမျိုးသီဟက “ကား brand တွေ အသစ်တွေ၊နောက်ပြီးတော့ တပတ်ရစ်ကားတွေ၊ ပြီးရင် ကားနဲ့ပတ်သက်တဲ့ necessary ပစ္စည်းတွေ၊ insurance တွေ၊ ပြီးတော့ financingတွေ ပေါ့နော်၊ အဲဒါတွေ အကုန်လုံးကို တနေရာတည်းမှာ တစုတစည်းတည်းနဲ့ အချိန်ကုန်သက်သာစွာ ကြည့်ရှုလေ့လာ ဝယ်ယူနိုင်မယ်။ ပြီးတော့ ကျနော်တို့ပွဲမှာဆိုရင် ထူးခြားချက်အနေနဲ့ စိတ်ကြိုက် စမ်းသပ်မောင်းနှင်နိုင်တဲ့ အခွင့်အရေးတွေလည်း ရရှိမယ်။ ကားတစီးကို ဝယ်မယ်ဆိုရင် မိမိ ကြိုက်လား မကြိုက်လား၊ မိမိနဲ့ အဆင်ပြေလား မပြေလားဆိုတာ ဒါ စိတ်ကြိုက်စမ်းသပ်မောင်နှင်ပြီးမှ ဝယ်တာ ပိုပြီးတော့ အဆင်ပြေတဲ့အတွက်ကြောင့်မို့ ကျနော်တို့က အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီပွဲတွေကို ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်” လို့ပြောပါတယ်။

ဒီပွဲမှာ သက်ဆိုင်ရာ ကား Brands တွေက ပရိုမိုးရှင်းတွေ ပေးထားတဲ့အပြင် ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ကာ အရစ်ကျ ဝယ်ယူလိုသူတွေအတွက် ၁၀ ရာခိုင်နှုန်း Down Payment နဲ့ ၀ယ်ယူရရှိနိုင်အောင် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ကားအမျိုးအစား အသစ်တွေလည်း ပိုဝင်ရောက်လာနေပြီး အစိုးရကလည်း အားပေးတဲ့အတွက် Brand New ကားတွေကို ဆက်လက်မြင်ရလာနိုင်မယ်လို့ ဆိုပါတယ်။

JAGUAR ကုမ္ပဏီရဲ့ မြန်မာနိုင်ငံ ဈေးကွက်တာဝန်ခံ ကိုညိုသွေးက “အရင်ကထက်စာရင် ပိုပြီးတော့ဖွံ့ဖြိုးလာတယ်၊ brand တွေလည်း အများကြီးဆိုတော့ လူတွေလည်း choice လုပ်စရာ အများကြီးပေါ့၊ ပြီးတော့ ဒီလို‌ auto show တွေလည်းရှိတော့ auto show မှာ တခါတည်း လာကြည့်ပြီး ဝယ်လို့ရတယ်၊ အဲဒီအပြင် မီဒီယာကဏ္ဍတွေကလည်း အများကြီး တိုးတက်လာတော့ မီဒီယာတွေက အင်တာဗျူးတွေ၊ နောက် ကား review တွေ အဲဒီဟာတွေ လုပ်ပေးတဲ့ခါကျတော့ ဝယ်တဲ့သူတွေလည်း အရင်ခေတ်တုန်းကလို တခြားလူတွေကို ပေးရတာမျိုး မဟုတ်တော့ပဲ ဒါတွေကိုပဲ လေ့လာပြီး ကိုယ်တိုင်ဝယ်လို့ရတော့ ကောင်းပါတယ်ဗျ” လို့ ပြောပါတယ်။

ကားပြပွဲမှာ Brand New ကားအသစ်အမှတ်တံဆိပ်တွေဖြစ်တဲ့ BAIC၊ DFSK၊ FORD၊ GAC၊ JETOUR၊ CHANGHE၊ HYUNDAI၊ ISUZU၊ JAGUAR၊ LAND ROVER၊ MAZDA၊ MERCEDES-BENZ၊ MITSUBISHI၊ MORRIS GARAGES (MG)၊ NISSAN၊ SUZUKI၊ VOLVO ကားတွေကို ပြသထားတာဖြစ်ပြီး စမ်းသပ်မောင်းနှင်ခွင့်လည်း ပေးထားပါတယ်။

Cars DB က ကျင်းပတဲ့ ကားအရောင်းပြပွဲတွေကို ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ၈ ကြိမ်ကျင်းပခဲ့ပြီး မြို့ကြီးတွေမှာ အလှည့်ကျ ကျင်းပပြသဖို့ရှိတယ်လို့ သိရပါတယ်။









ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013