DVB Logo
Home
မြန်မာသတင်း
JMC အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် ပြခန်းဖြင့် ပြသ
DVB
·
March 8, 2020
Donate to DVB

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC လုပ်ငန်းဆောင်ရွက်ချက်ကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့ ပထမဆုံးအကြိမ် ပြခန်းပြုလုပ်ပြသထားပါတယ်။

ပြခန်းကို တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားနေ့ ပွဲတော် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းမှာပြုလုပ်ပြီး မတ်လ ၇ ရက်ညနေပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။

ပြည်သူတွေဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အကြောင်း သိရှိမှု အလွန်နည်းပါးနေသေးတယ်လို့ JMC ရှမ်းအရပ်သားကိုယ်စားလှယ် ဦးအောင်စိုးမိုးက ပြောပါတယ်။

ပြခန်းမှာ အထူးသဖြင့် အရပ်သားကာကွယ်တဲ့ကိစ္စရပ်၊ စစ်ဘက်ဆိုင်ရာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ တိုင်စာကို တိုင်ကြားနိုင်တဲ့ ပုံစံတွေအပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချု်ပ (NCA) ဖြစ်ပေါ်လာပုံကအစ အကျယ်တဝင့် ရှင်းပြ ပြသထားတာပါ။

JMCS အနေနဲ့ NCA ထိုးထားတဲ့ RCSS/SSA က ဆိုင်းငံ့ထားပြီးနောက်ပိုင်း ပြည်သူလူထုအသိပညာပေးကို ဦးစားပေးလုပ်ဆောင်လာကြတာပါ။

JMC ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ၊ NCA စာချုပ်အကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးဆွေးနွေးပွဲအကြောင်းတွေကို လူထုသိရှိ နားလည်မှုအားနည်းခြင်းဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အ တားဖြစ်စေနိုင်လို့ဆိုပါတယ်။

JMC ပြခန်းဟာ ပအိုဝ်းအမျိုးသားနေ့ကျင်းပတဲ့ တပေါင်းကွင်း ဘောလုံးကွင်းတောင်ဘက်မှာရှိပြီး မတ် ၄ ရက်နေ့မှ ၉ ရက်နေ့အထိ ပြသသွားမှာဖြစ်ပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013