သပိတ်ကျင်းတွင် အင်အား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်
DVB
·
March 7, 2020

မန္တလေးတိုင်း သပိတ်ကျင်းမြို့နားမှာ မတ် ၇ ရက် ဒီနေ့မနက် ၁၀ နာရီကျော်က ရစ်ခ်တာစကေး ၄ ဒသမ ၈ အဆင့် ငလျင်တခုလှုပ်သွားတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မနက် ၁၀ နာရီ ၃၅ မိနစ်အချိန်က ကန့်ဘလူမြေငလျင်စခန်းရဲ့ အရှေ့ဘက် ၃၅ မိုင် လောက်ဝေးတဲ့ သပိတ်ကျင်းမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၂၂ မိုင်လောက်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့် အင်အားနည်းနည်းရှိတဲ့ ငလျင်တခု လှုပ်သွားတာကို တိုင်းထွာရရှိတယ်လို့ ဆိုပါတယ်။











