DVB Logo
Home
မြန်မာသတင်း
IRC ၏ တက်လမ်းစီမံကိန်းကို ပြည်နယ်အစိုးရက ပြန်လုပ်ခွင့်ပြု 
DVB
·
March 7, 2020
IRC ၏ တက်လမ်းစီမံကိန်းကို ပြည်နယ်အစိုးရက ပြန်လုပ်ခွင့်ပြု 
1 / 3
Donate to DVB

စားနပ်ရိက္ခာဖူလုံရေးနဲ့ အသက်မွေးဝမ်းကျောင်း အကူအညီပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC ရဲ့ တက်လမ်း စီမံချက်လုပ်ပိုင်ခွင့်ကို ပြည်နယ်အစိုးရက ပြန်လည်ခွင့်ပြုလိုက်ပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီဗွီဘီကိုပြောပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ရခိုင်ပြည်နယ်အစိုးရက လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ပြီးနောက် ခရီးသွားလာခွင့်တွေ တနှစ်ခန့်မရရှိဘဲ စီမံကိန်းကို မူလသတ်မှတ်ထားတာထက် တနှစ်စောရပ်ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။



ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က “IRC ကို အရင်တော့ သတင်းမီဒီယာတွေ ပါတယ်ဆိုပြီးတော့ ကျနော်တို့က လုပ်ပိုင်ခွင့်တွေ ပိတ်ထားခဲ့ပါတယ်။ အခုတော့ ပြည်ထောင်စုမှာ သက်တမ်းတိုးပြီးတော့ ဆက်လက်ခွင့်ရတာပေါ့။ အခုကျနော်တို့ကတော့ သူတို့ကို ဆက်လုပ်ဖို့ ခွင့်ပြုလိုက်ပါပြီ၊ ပညာရေးကဏ္ဍကို စပြီးတော့ လုပ်မှာ”လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆက်လက်လုပ်ပိုင်ခွင့်ပေးလိုက်တာဖြစ်ပြီး အဓိက ကနဦး သဘောတူညီချက်ကတော့ ပညာရေးကဏ္ဍလုပ်ပိုင်ခွင့်ပေးလိုက်တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

IRC တက်လမ်းစီမံချက်မှာ မြေပုံနဲ့ မင်းပြား မြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၀၂ ရွာမှာ လူဦးရေ ၅၆,၀၀၀ ကျော်ကို စားနပ်ရိက္ခာ ဖူလုံရေးနဲ့ အသက်မွေးဝမ်းကျောင်း အကူအညီတွေကို ၅ နှစ်ကျော်ကြာ ဆောင်ရွက်ပေးခဲ့ပါတယ်။

IRC ထုတ်ပြန်ချက်မှာတော့ ရေငံတား တာတမံ အရှည် ၃၁ မိုင်ခန့် ရေတံခါး ၂၄ ခု၊ ဆားငန်ရေဒဏ်ခံ စပါးမျိုးစေ့နဲ့ နည်းပညာကို လယ်သမား ၁၆,၅၉၈ ဦးဖြန့်ဝေပေးတာ၊ ကျေးရွာပေါင်း ၉၇ ရွာမှာ အမျိုးသမီးဦးရေ ၂၅၉၃ ဦးကို ငွေကြေးစီမံခန့်ခွဲမှုသင်တန်းတွေက ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုထားပါတယ်။

IRC စီမံကိန်း ရပ်ဆိုင်းမှုကြောင့် မြေပုံနဲ့ မင်းပြားမှ ဝန်ထမ်း အားလုံးနီးပါး ၆၀ ဦးထက်မနည်း အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး အခုလိုပြန်လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အပေါ် ဒေသခံတွေက ကြိုဆိုကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013