DVB Logo
Home
မြန်မာသတင်း
မြန်မာကို အကူငွေ ဒေါ်လာသန်း ၂၀ ထပ်ပေးရန် ဩစတြေးလျ သဘောတူ
DVB
·
March 18, 2013
မြန်မာကို အကူငွေ ဒေါ်လာသန်း ၂၀ ထပ်ပေးရန် ဩစတြေးလျ သဘောတူ
Donate to DVB

ဩစတြေးလျက  မြန်မာနိုင်ငံအပေါ် အကူငွေ ဒေါ်လာ သန်း ၂၀ ထပ်ပေးဖို့ သဘောတူခဲ့ပြီး   စစ်ရေးပူးတွဲမှုဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျော့ပေးသွားမယ်လို့ ဩစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂီးလာ့ဒ် (Julia Gillard) က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရသစ် တက်လာပြီးနောက်ပိုင်း ဒီမိုကရေးစီ ပြုပြင်ပြောင်းလဲရေးတွေအပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ ဩစတြေးလျနဲ့ မြန်မာနိုင်ငံအကြား ပိတ်ဆို့ကန့်သတ်မှုတွေကို ဖြေလျော့သွားမှာဖြစ်သလို အကူအညီတွေလည်း ပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

[caption id="attachment_37510" align="alignright" width="300" caption="သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်"][/caption]

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ဩစတြေးလျဝန်ကြီးချုပ်နဲ့  ဦသိန်းစိန်တို့ မတ် ၁၈ ရက်နေ့က ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဩစတြေးလျ ၀န်ကြီးချုပ်က “ဒီကနေ့ အရေးကြီးတဲ့ ထောက်ပံ့ရေး အစိတ်အပိုင်း အသစ်တခုကို ကြေညာချင်ပါတယ်။ ကျမတို့ နှစ်နိုင်ငံအကြား စပ်တူလုပ်ငန်း ပြုပြင်ပြောင်းလဲရေးကိစ္စတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီ အားကောင်းလာစေဖို့၊ အစိုးရ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ တရားဥပဒေစိုမိုးရေး အားကောင်းလာစေဖို့ လူ့အခွင့်အရေးသင်တန်းပေးတာတွေအတွက် ဒေါ်လာ သန်း ၂၀ ကို အကူအညီပေးသွားဖို့ သဘောတူခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား ကာကွယ်ရေး ဆက်ဆံရေးတွေတိုးမြှင့်ဖို့ ပထမခြေလှမ်း ဖြစ်ပါတယ်။  နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကာကွယ်ရေး အပြည့်အဝ မရသေးပေမယ့် လမ်းစပွင့်လာပြီ ဖြစ်ပါတယ်။ ဒါဟာ မရှိမဖြစ် အရေးကြီးတဲ့ ပထမခြေလှမ်းတခုပါ။  ဒါကြောင့် ရှေ့ဆက်လုပ်ငန်းတွေကို ပြင်ဆင်မှုတွေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှု အကူအညီတွေ၊ တည်ငြိမ်းအေးချမ်းထားရှိမှုနဲ့ နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေး ကန့်သတ်မှုတွေ ရုပ်သိမ်းသင့်ပေမယ့် လက်နက်ရောင်းဝယ်ရေးကိစ္စတွေနဲ့ ကုန်တင်သင်္ဘောအဝင်အထွက် ကိစ္စတွေကတော့ သီးသန့်ဆွေးနွေးဖို့လိုတယ်လို့လည်း ပြောပါတယ်။

အခုလို အကူအညီတွေ ပေးရတာဟာ မြန်မာနိုင်ငံမှာ professional ကာကွယ်ရေးဖြစ်ဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အားကောင်းစေဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံလည်း ဩစတြေးလျနိုင်ငံလိုပဲ ငြိမ်းချမ်းမှုရှိရှိနဲ့ ဒီမိုကရေစီ ထွန်းကားပြီးတော့ ချမ်းသာတဲ့နိုင်ငံတနိုင်ငံ ဖြစ်လာဖို့ မျှော်လင့်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

“မြန်မာနိုင်ငံလည်း ဩစတြေးလျနိုင်ငံလိုပဲ ငြိမ်းချမ်းမှုရှိရှိနဲ့ ဒီမိုကရေစီထွန်းကားပြီးတော့ ချမ်းသာကြွယ်ဝတဲ့နိုင်ငံဖြစ်ဖို့အတွက် စိတ်ရင်းစေတနာအမှန်နဲ့ မျှော်လင့်မိပါတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံအနေနဲ့ ဩစတြေးလျနိုင်ငံကို နမူနာယူပြီး လေ့လာစရာတွေအများကြီးရှိပါတယ်။ ဩစတြေးလျနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းခရီးမှာ လိုအပ်တာတွေ ကူညီထောက်ပြပြီး အကူအညီပေးနိုင်မယ်။ အတွေ့အကြုံတွေကို ဖလှယ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ဆိုရင် မြန်မာနဲ့ ဩစတြေးလျနိုင်ငံအကြား မိတ်ဖက်ဖြစ်မှုနဲ့ ရင်းနှီးချစ်ကြည်မှုတွေအတွက် စာမျက်နှာသစ်ဖွင့်လှစ်နိုင်တဲ့ အချိန်တခုဖြစ်တယ်လို့ ဆိုရမှာပါ။”

သမ္မတ ဦးသိန်းစိန်ဟာ မတ် ၁၇ ရက်နေ့က ဩစတြေးလျနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်း မြန်မာသမ္မတဦးအနေနဲ့  ပထမဆုံး ဩစတြေးလျနိုင်ငံကို သွားရောက်ခဲ့တာပါ။

သမ္မတ ဦးသိန်းစိန်ဟာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မတ် ၁၄ ရက်နေ့က နယူးဇီလန်နိုင်ငံကို ရောက်ရှိခဲ့ပြီး မတ် ၁၅ ရက်နေ့မှာ နယူးဇီလန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို နယူးဇီလန်နိုင်ငံက အကူအညီပေးသွားမယ့် အကြောင်းတွေနဲ့ သံတမန်ထားရှိရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013