DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းတွင် မသန်စွမ်းဦးရေ ၇၇၀၀၀ ကျော်ပါဝင်  
DVB
·
March 6, 2020
၂၀၂၀ ရွေးကောက်ပွဲ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းတွင် မသန်စွမ်းဦးရေ ၇၇၀၀၀ ကျော်ပါဝင်  
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးခွင့်ရှိသူဦးရေ ၃၇ သန်းကျော် စာရင်းကောက်ခံရရှိထားပြီး အဲ့ဒီအထဲမှာ မသန်စွမ်းဦးရေ ၇၇၀၀၀  ကျော်ပါဝင်တယ်လို့ သိရပါတယ်။

“ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ မသန်စွမ်း စာရင်းဆိုရင် ခုနှစ်သောင်း ခုနှစ်ထောင်ကျော်လောက်ရှိမယ်”လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးခွင့်ရှိတဲ့ မသန်စွမ်းဦးရေဟာ ဆိုရင် ကချင်မှာ ၁၅၀၀ ကျော်၊ ကယားမှာ ၅၀၀ ကျော်၊ ကရင်မှာ ၁၀၀၀ ကျော်၊ ချင်းမှာ ၂၅၀၀ ကျော်၊ စစ်ကိုင်းမှာ ၉၀၀၀ ကျော်နဲ့ တနင်္သာရီမှာ ၂၀၀၀ ကျော်ရှိပါတယ်။

ဒါအပြင် ပဲခူးမှာ ၁၀၀၀၀ ကျော်၊ မကွေးမှာ ၅၀၀၀ ကျော်၊ ရန်ကုန်မှာ ၁၆၀၀၀ ကျော်၊ မန္တလေးမှာ ၆၀၀၀ ကျော်၊ ပြည်ထောင်စုနယ်မြေမှာ ၁၀၀၀ ကျော်၊ မွန် ရခိုင်နဲ့ ရှမ်းမှာ ၃၀၀၀ ကျော် စီနဲ့  ဧရာဝတီတိုင်းဒေသကြီးမှာတော့ ၇၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ ကော်မရှင်က ထုတ်ပြန်ကြေညာခြင်းမရှိသေးပေမယ့်  ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အတိုင်းအဆိုရင် ရွေးကောက်ပွဲကို လက်ရှိ လွှတ်တော်သတ်တမ်းမကုန်ခင် ရက်ပေါင်း ၉၀ အတွင်းကျင်းပရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013