မင်းကင်းမြို့ အရှေ့တောင်ဘက်တွင် မြေငလျင်လှုပ်
DVB
·
March 6, 2020

စစ်ကိုင်းတိုင်း မင်းကင်းမြို့မှာ မနေ့ညက အင်အား ၃.၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မတ်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈ နာရီ၊ ၁၈ မိနစ်၊ ၀၇ စက္ကန့်အချိန်က ကန့်ဘလူမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၆၅ မိုင် ခန့်ကွာဝေးသော မင်းကင်းမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၇၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၆၁ ဒီဂရီ၊ အနက် ၃၉ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။










