DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းလွှတ်တော်ရပ်နား၊ ကိုရိုနာဗိုင်းရပ်စ်လူထုပညာပေးလုပ်ရန် လွှတ်တော်အမတ်များကို တိုက်တွန်း
DVB
·
March 5, 2020
စစ်ကိုင်းတိုင်းလွှတ်တော်ရပ်နား၊ ကိုရိုနာဗိုင်းရပ်စ်လူထုပညာပေးလုပ်ရန် လွှတ်တော်အမတ်များကို တိုက်တွန်း
Donate to DVB

စစ်ကိုင်းတိုင်းလွှတ်တော်ကို ရပ်နားလိုက်ပြီး  ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ပြည်သူလူထုကို အသိပညာပေးဆွေးနွေးတွေ သက်ဆိုင်ရာ ဌာနများနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လွှတ်တော် အမတ်တွေကို စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ ၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို မတ်လ ၅ ရက်နေ့ကကျင်းပပြီးရပ်နားလိုက်တာပါ။

 ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရပ်နားစဉ် လတ်တလောဖြစ်ပွားနေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အထူးဂရုစိုက်ကြဖို့၊ ရာသီအကူးအပြောင်းကာလမှာ ဖြစ်တတ်တဲ့ရောဂါတွေကိုလည်း ဂရုစိုက်ဖို့မှာကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက "ဒီနေ့ဒီချိန်ခါမှာ ကူးစက်မှုမြန်ဆန်ရောဂါဖြစ်တဲ့ COVID - 19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါက ကမ္ဘာ့နိုင်ငံအတော်များများမှာ ရင်ဆိုင်နေရပြီး မူလရောဂါဖြစ်ပွားတဲ့ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ပျံ့နှံ့လာတာမရှိသေးပေမယ့် ကျန်းမာရေးအသိရှိစေရေး ပြည်သူလူထုကို အသိပညာပေးဆွေးနွေးခြင်းများကို သက်ဆိုင်ရာ ဌာနများနဲ့ ပူးပေါင်းဆောင်ရွက်ကြပါ။ ရာသီအကူးအပြောင်းကာလမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကျန်းမာရေး အထူးဂရုစိုက်ကြရန်နဲ့ နောင်ပြန်လည်ကျင်းပမယ့် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စား လှယ်တော်ကြီးများကို ကျန်းမာရွှင်လန်းစွာနဲ့ ပြန်လည်တွေ့ဆုံနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။"လို့ ပြောဆိုခဲ့တာပါ။

၂၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို အစည်းအဝေး ၁၁ ရက်၊ ကြယ်ပွင့်ပြမေးခွန်း ၁၂၆ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၁၄၁ ခု၊ အဆို ၁ ခု၊ တိုင်းအစိုးရ၊ တိုင်းလွှတ်တော်၊ တိုင်းတရားသူကြီးချုပ်၊ တိုင်းဥပဒေချုပ်တို့ရဲ့ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကိုလည်း တင်သွင်းခဲ့ပါတယ်။

ဒါ့အပြင်လွှတ်တော်ရဲ့ ကတိကဝတ်ကော်မတီ၊ အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မတီ၊ တရားဥပဒေစိုးမိုးရေးကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးကော်မတီ၊ ဥဒေပြုရေးကော်မတီ၊ စက်မှု၊ စွမ်းအင်ဆိုင်ရာကော်မတီ၊ အရအသုံးငွေစာရင်းကော်မတီတို့ရဲ့ ၁ နှစ်စာ ကွင်းဆင်းအစီရင်ခံစာ၊ အစိုးရရဲ့ ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာ အစီရင်ခံစာတွေကိုလည်း လွှတ်တော်ကို တင်သွင်းခဲ့ပါသေးတယ်။ 

ဒါ့အပြင် ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗွီဒီယိုရုံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း၊ အသေးစားငွေချေးလုပ်ငန်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတို့ကိုလည်း တင်သွင်းခဲ့ပါတယ်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၄ နှစ်ကျော်ကာလသက်တမ်းမှာ ပုံမှန်အစည်းအဝေး ၂၂ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ် တို့ ကျင်းပခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၂၀၀ ကျော်၊ ကြယ်ပွင့်မပြ ၈၀၀ ကျော်၊ အဆို ၂၃ ခုတို့ကို မေးမြန်းအတည်ပြုထားပြီး ဥပဒေအသစ် ၆ ခု၊ ပြင်ဆင် ၂ ခုတို့ကို အတည်ပြုထားသလို ဥပဒေမူကြမ်း ၁၁ ခုကိုလည်း ဥပဒေပြုရေးဆိုင်ရာကော်တီကို စိစစ်လွှဲပြောင်းထားတယ်လို့ ဆိုပါတယ်။ 

လာမယ့် ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကိုတော့  မေလမှာ ပြန်လည်ကျင်းပသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013