DVB Logo
Home
မေးမြန်းခန်း
ပုံနှိပ်နဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမူကြမ်းဆွေးနွေးဖို့ ပြန်ကြားရေးဝန်ကြီး ဖိတ်ကြား
DVB
·
March 17, 2013
ပုံနှိပ်နဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမူကြမ်းဆွေးနွေးဖို့ ပြန်ကြားရေးဝန်ကြီး ဖိတ်ကြား
Donate to DVB

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့တာဝန်ရှိသူတွေကို ဖိတ်ခေါ်လိုက်ပါတယ်။

လာမယ့် မတ် ၂၃ ရက် စနေနေ့ကျရင် နှစ်ဘက်တာဝန်ရှိသူတွေ တွေ့ဆုံကြဖို့ ဖိတ်ကြားလာတယ်လို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ ပြောခွင့်ရသူ ဦးကျော်မင်းဆွေက ပြောပါတယ်။

ဒီဥပဒေကြမ်းကို မီဒီယာလောကသားတွေ ကျယ်ကျယ်လောင်လောင် ကန့်ကွက်ခဲ့ကြပြီး တဲ့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)ကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က သူတို့ရေးဆွဲနေတဲ့ ပုံနှိပ်နဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းနဲ့ ဝိရောဓိဖြစ်စေသလို အဟန့်အတားလည်း ဖြစ်စေတယ်လို့ ယူဆတဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနကတင်ပြတဲ့ ဥပဒေကြမ်းကိုသဘောမတူကြောင်း နိုင်ငံတော်သမ္မတထံ မတ် ၄ ရက်နေ့က တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီစာထဲမှာ မနှစ်စက်တင်ဘာလဆန်းပိုင်းမှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)  စဖွဲ့ကတည်းက  ပုံနှိပ်လုပ်ငန်း၊ ထုတ်ဝေရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ ဥပဒေဆိုင်ရာအချက်အလက်တွေ ထည့်သွင်းရေးဆွဲပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ထံ ပေးအပ်ထားသည့် အခြေခံ မူဘောင်တွင် ပါဝင်ပြီးဖြစ်တဲ့အကြောင်းနဲ့ လက်ရှိရေးဆွဲနေတဲ့ ပုံနှိပ်နဲ့ သတင်းမီဒီယာ ဥပဒေကြမ်းတွင် သတင်းသမားများသာမက ပုံနှိပ်၊ ထုတ်ဝေသူများ၏ ကျင့်ဝတ်၊ လုပ်ပိုင်ခွင့်နဲ့ တာဝန်များကိုလည်း ရေးဆွဲပြဌာန်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း တင်ပြထားပါတယ်။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးဌာနက ကိုယ်တိုင် သဘောတူတာဝန်လွဲအပ်ထားတဲ့ ကောင်စီရဲ့ ဆောင်ရွက်ချက်လုပ်ငန်းတွေကို လျစ်လျူရှုသည့် သဘော သက်ရောက်တာကြောင့် လက်မခံကြောင်း တင်ပြခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန်ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်းဖော်ပြခဲ့စဉ်ကတည်းက စာနယ်ဇင်းလောကသားတွေရဲ့ ဆန့်ကျင်မှုကို ခံခဲ့ရပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာများသမဂ္ဂ၊ မြန်မာဂျာနယ်လစ်ကွန်ရက်နဲ့ သတင်းလွတ်လပ်ခွင့်ကော်မတီစတဲ့ စာနယ်ဇင်းလောက သမားတွေက ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်ထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေမူကြမ်းကို ကန့်ကွက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအတွင်းရေးမှူးဦးကျော်မင်းဆွေကို ကိုအေးနိုင်က မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013