
ပါမောက္ခ ဝီလီယံရှဘတ်စ်ရဲ့ ဟောပြောပွဲကို ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမမှာ မတ်လ ၅ ရက်မနက်က ပြုလုပ်သွားပါတယ်။
ဟောပြောတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆန္ဒထုတ်ဖော်မှုတခု ပြုလုပ်ခဲ့ပြီး HELL HOUNDS AT LARGE ဟူသော စာတမ်းတစ်ခုချိတ်ဆွဲထားပြီး "ငရဲခွေးကြီးများလွတ်နေဆဲ" ခေါင်းစဉ်နဲ့ လှုံ့ဆော်စာများ ဖြန့်ဝေခဲ့ကြပါတယ်။
ဝီလီယံရှဘတ်စ်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာနိုင်ငံဘက်က ရှေ့နေ့လိုက်ပေးခဲ့သူဖြစ်ပြီး နိုင်ငံတကာရာဇဝတ်ဥပဒေနှင့် လူအခွင့်အရေးဥပဒေ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်။
Photo - Ye Myo Khant / MPA










