DVB Logo
Home
မြန်မာသတင်း
မကွေးမြို့ သင်ကြားရေးဆေးရုံ၌ ကိုရိုနာဗိုင်းရပ်သံသယလူနာများအတွက် ကြိုတင်ပြင်ဆင်
DVB
·
March 5, 2020
မကွေးမြို့ သင်ကြားရေးဆေးရုံ၌ ကိုရိုနာဗိုင်းရပ်သံသယလူနာများအတွက် ကြိုတင်ပြင်ဆင်
1 / 5
Donate to DVB

ကိုရိုနာဗိုင်းရပ် သံသယလူနာတွေ့ရှိပါက စနစ်တစ်ကျ ကြပ်မတ်ကုသနိုင်ဖို့အတွက် မကွေးတိုင်း၊ မကွေးမြို့ သင်ကြားရေးဆေးရုံကြီးမှာ ကြိုတင်ပြင်ဆင်ထားပြီး  မနေ့က CCTV ကင်မရာတွေ တပ်ဆင်ခဲ့တယ်လို့သိရပါတယ်။

သင်ကြားရေးဆေးရုံ တာဝန်ရှိသူတဦးက "အထူးကြပ်မတ်ကုသဆောင်တစ်ခုမှာ CCTV ကင်မရာ ၈ လုံးတပ်ဆင်တာပါ။ တကယ်လို့ ရောဂါဝေဒနာရှင်တွေ့လာပြီဆိုရင် သီးသန့်ထားရှိပြီး ဝတ်စုံနဲ့ ဝင်ရောက်ရမှာဖြစ်ပြီး အထက်လူကြီးတွေလာရင် Contro Room ကနေ စောင့်ကြည့်ရမှာဖြစ်လို့ TV မော်နီတာနဲ့ သီးသန့်အနီးကပ် ရိုက်ပေးထားပြီး အသံစနစ် ကောင်းမွန်အောင် လုပ်ဆောင်ထားတယ်"လို့ပြောပါတယ်။

တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease-2019)မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုမရှိစေဖို့ ထိရောက်တဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ကာ တိုင်ကြားရမယ့် ကူးစက်မြန်ရောဂါဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အမိန့်စာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013