DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းချည်မျှင်စက်ရုံ မီးလောင်ဆုံးရှုံးမှု ကျပ်သိန်း ၄၂၀၀ ကျော်ရှိ၊ စက်ရုံမှူးကို အရေးယူ 
DVB
·
March 4, 2020
စစ်ကိုင်းချည်မျှင်စက်ရုံ မီးလောင်ဆုံးရှုံးမှု ကျပ်သိန်း ၄၂၀၀ ကျော်ရှိ၊ စက်ရုံမှူးကို အရေးယူ 
Donate to DVB

စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ အောင်စိန်ချည်မျှင်နှင့် အထည်စက်ရုံမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် ကျပ်သိန်း ၄၂၅၄ လောက် ဆုံးရှုံးခဲ့တယ်လို့  မီးသတ်ဌာနက သိရပါတယ်။

စက်ရုံလုပ်ငန်းသုံး ဝါဂွမ်းတွေ အပူလွန်ကဲရာက မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အလုပ်ရုံ ၁ ရုံ၊ ဖိုက်ဘာဝါဂွမ်းတန်း ၂၀၀၊ ပင်ပေါင်းစက် ၆ လုံး၊ ဒညင်းစက် ၄ လုံး၊ ချည်ငင်စက် အလုံး ၄၀၊ ချည်ကန်တော့ ၇ လုံး၊ ပင်ပူးစက် ၄ လုံး၊ ချည်ကျစ်စက် ၂၄ လုံး စတဲ့ စက်ပစ္စည်းကိရိယာတွေ မီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ရဲတပ်သား ၁ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်း ၅ ဦးမှာ မီးခိုးမွှန်လို့ ဆေးရုံကို ပို့ဆောင်ခဲ့ရပါသေးတယ်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်အင်အား ၄၀၀ အပါအဝင် ရဲ၊ တပ်မတော်သား၊ ရဟန်း၊ ပြည်သူ စုစုပေါင်း ၂၀၀၀ ကျော် ဝိုင်းဝန်းပူးပေါင်းကာ မီးသတ်ယာဉ် ၂၃ စီး၊ ရေသယ်ယာဉ် ၁၈ စီး၊ ရေဂါလံ ၁၃၀၀၀၀ နဲ့ အချိန် ၄ နာရီ ဝန်းကျင်ကြာ ငြှိမ်းသတ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီမီးလောင်မှုက ၂၀၂၀ ပြည့်နှစ်အတွင်း စစ်ကိုင်းတိုင်းအနေနဲ့ ဆုံးရှုံးမှု အများဆုံး မီးလောင်မှုလည်း ဖြစ်ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်လို့ စက်ရုံမှူး ဦးမြင့်အုန်းကိုတော့ စစ်ကိုင်းမြို့မရဲစခန်းက (ပ)၂၉၂/၂၀၂၀၊ ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013