DVB Logo
Home
မြန်မာသတင်း
ဂျပန်ဂန္ထဝင်ရုပ်ရှင်ပွဲတော်တွင် ‘ဂျပန့်ရင်သွေး’ရုပ်ရှင်အပါအဝင် ရုပ်ရှင် ၆ ကားပြသမည်
DVB
·
March 4, 2020
ဂျပန်ဂန္ထဝင်ရုပ်ရှင်ပွဲတော်တွင် ‘ဂျပန့်ရင်သွေး’ရုပ်ရှင်အပါအဝင် ရုပ်ရှင် ၆ ကားပြသမည်
Donate to DVB

       မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အကြို အထိမ်းအမှတ်အနေနဲ့ ဂျပန်ဂန္ထဝင် ရုပ်ရှင်ပွဲ တော်ကို ရန်ကုန်မြို့မှာ ၃ ရက်ကြာ ကျင်းပသွားဖို့ ရှိနေပါတယ်။

       ဒီပွဲတော်ကိုတော့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးရဲ့ အစီအစဉ်နဲ့ ကျင်းပတာဖြစ်ပြီး ရန်ကုန်မြို့၊ နေပြည်တော် ရုပ်ရှင်ရုံမှာ မတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ပြုလုပ် သွားမှာပါ။

ဂျပန်ဂန္ထဝင်ရုပ်ရှင်ပွဲတော်မှာ အေဝမ်းရုပ်ရှင်မှ ၁၉၃၅ ခုနှစ်မှာ ဒါရိုက်တာ ဦးညီပု ရိုက်ကူးထုတ်လုပ်ပြီး သရုပ်ဆောင် ဦးညီပု၊ မောင်မောင်စိုး၊ မောင်စံညွန့်နဲ့ ဂျပန်မင်းသမီး မိဆုကို တကရို(အေးမိစံ)တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ဂျပန့်ရင်သွေး’ ရုပ်ရှင်ဇာတ်ကား အပါအဝင် ဒါရိုက်တာ Miyazaki Hayao ရဲ့ ‘My Neighbor Totoro’(၁၉၈၈)၊ ဒါရိုက်တာ Honda Ishiro ရဲ့ ‘Godiilla’(၁၉၅၄)၊ ဒါရိုက်တာ Kurosawa Akira ရဲ့ ‘Rashomon’ (၁၉၅၀)၊ ဒါရိုက်တာ Yamada Yoji ရဲ့ ‘Tora-san, the lovable tramp’(၁၉၆၉)နဲ့  ဒါ ရိုက်တာ Ozu Yasujiro ရဲ့ ‘Tokyo STORY’(၁၉၅၃) ရုပ်ရှင်ဇာတ်ကား ခြောက်ကားကို အခမဲ့ပြသသွားမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကိုတော့ မတ်လ ၆ ရက်နေ့ညနေပိုင်းမှာ ပြုလုပ် မှာဖြစ်ပြီး ဂျပန်နိုင်ငံ IMAGIKA LAB မှာ Digital Restoration ပြုလုပ်ထားတဲ့  ‘ဂျပန့် ရင်သွေး’ ရုပ်ရှင်ဇာတ်ကား(DCP)ကို ဂျပန်သံရုံးမှ ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ပြီး ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရှင်ပြသမယ့် ပွဲချိန်တွေကတော့ ၁၂.၃၀ နာရီ၊ ၃.၃၀ နာရီ၊ ၆.၃၀ နာရီ တနေ့ကို ၃ ကြိမ် ပြသသွားမှာဖြစ်ပြီး ကြည့်ရှုလိုသူတွေအနေနဲ့ လက်မှတ်တွေကို ရုပ်ရှင်မပြခင် တ နာရီကြိုတင်ပြီး အခမဲ့ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013