DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ ရက်ရွှေ့ဆိုင်း
DVB
·
March 4, 2020
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ ရက်ရွှေ့ဆိုင်း
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကျင်းပမယ့် ရက်ကို မတ်လ အတွင်းကျင်းပတော့မှာမဟုတ်ဘဲ မေလဆန်းကျမှ ကျင်းပသွားမယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌက ပြောပါတယ်။

အခုနှစ်ဟာ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ကာလလည်း ဖြစ်တဲ့အတွက် ဒီဆုချီးမြှင့်ပွဲကို လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ခမ်းခမ်းနားနား ကျင်းပဖို့ ကြိုတင်ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

ပွဲကျင်းပမယ့်ရက်ကိုတော့ သင်္ကြန်အပြီး မေလအတွင်းမှာ စီစဉ်သွားဖို့များတယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။

“ဝူဟန်ဗိုင်းရပ်စ်ကြောင့် WHO ကလည်း သတိပေးထားတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားတယ်။ လူစုလူဝေးပွဲတွေ မလုပ်ကြဖို့ပေါ့။ ဒါကြောင့် အကယ်ဒမီ ပေးပွဲကို တာဝန်ရှိသူလူကြီးတွေ အကုန်လုံးတိုင်ပင်ပြီး ရွေ့ဆိုင်းလိုက်တယ်။ အကယ်ဒမီပေးပွဲကို မိုး မကျခင်လုပ်လို့ အဆင်ပြေမယ်ထင်တယ်။ မေလ လောက်ပေါ့နော်။ မေလဆန်းလောက်ဆို လုပ်လို့ အဆင်ပြေတယ်ဆိုပြီးတော့ ညှိနှိုင်းဆုံးဖြတ်ထားပါတယ်။ အကယ်ဒမီအကဲဖြတ်အဖွဲ့ဝင်တွေက လည်း ဇာတ်ကားတွေ အကုန်ကြည့်ပြီးသွားပြီ။ နောက်ဆုံးအနေနဲ့ စာအိတ်ပိတ်ဖို့ စောင့်နေကြ တာပေါ့။ ရက်သာရွှေ့ထားတာ ကျန်တာတွေကတော့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေကြမှာ။ Sponsor ပေးထားတဲ့ Bella နဲ့လည်း နေရာတွေ အပြင်အဆင်တွေ ညှိနှိုင်းသွားဖို့ ရှိပါတယ်”လို့ ပြောပါတယ်။

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က  အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဆင့်သတ်မှတ်ခဲ့တဲ့အတွက် ပြည်သူ့ကျန်းမာရေးကို အလေးထားတဲ့အနေနဲ့ အကယ်ဒမီပေးပွဲရက်ရွှေ့ဆိုင်းရတာလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဖေ့စ်ဘွတ်ခ်ကနေလည်း အသိပေးကြေညာထားပါတယ်။

     သတင်း - သူသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013