DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်မြို့နယ်၌ ကျပ် ၅၃ ဘီလီယံကျော်တန်ဖိုးရှိ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိ
DVB
·
March 4, 2020
ကွတ်ခိုင်မြို့နယ်၌ ကျပ် ၅၃ ဘီလီယံကျော်တန်ဖိုးရှိ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးများ ထပ်မံသိမ်းဆည်းရမိ
1 / 5
Donate to DVB

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီးမှာ ငွေကျပ် ၅၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်မံသိမ်းဆည်းရမိတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှ  မတ် ၁ ရက်အထိ ငွေကျပ် ၃၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပြီးနောက် အခု  ငွေကျပ် ၅၃ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်မံ သိမ်းဆည်ရမိခဲ့တာပါ။ 

မတ် ၃ ရက် မနက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကောင်းခါးရွာရဲ့ အရှေ့ဘက်ရှိ လူမနေတဲ့ အိမ်တလုံးထဲကနေ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉,၃၆ဝ,ဝဝဝ ပြား၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄,ဝဝဝ,ဝဝဝ ပြားနဲ့ ဘိန်းဖြူစုစုပေါင်း ၅၂,၈ဝဝ ဂရမ် (မူးယစ်ဆေးဝါး ခန့်မှန်း တန်ဖိုးငွေကျပ် ၄၈ ဘီလီယံကျော်) တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

မတ် ၂ ရက်ကလည်း  ကောင်းခါးရွာနဲ့ အနီး လူမနေတဲ့ အဆောက်အအုံတလုံးရှိ စတိုခန်းနဲ့ ဂိုဒေါင်ထဲက မူးယစ်ဆေးဝါးချက်လုပ်ရာမှာ သုံးတဲ့ ၅ ဂါလန်ဆံ့အက်စစ်ပုံး ၂၂၆ ပုံး၊ ဂါလန် ၅ဝ ဆံ့အက်စစ်ကော်ပီပါ  ၄၁ လုံး၊ WY၊ R၊ 88/1 တံဆိပ်ပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၃ သိန်းကျော်၊ ဆပ်ပြာခွက် ၃၄ ခွက် ထဲက ဘိန်းဖြူ ၃၄ဝ ဂရမ်၊ ၉၉၉ တံဆိပ်ပါ ဘိန်းဖြူအခဲ ငါးခဲ၊ အဖြူရောင်အမှုန့် တထုပ်၊   စိတ်ကြွဆေးပြား အကြေမှုန့် ၁၅ဝ ဂရမ်လောက်နဲ့ ဆေးပြားရိုက်စက်တလုံးတို့ကို တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။

ဒါ့အပြင် လူမနေတဲ့ အဆောက်အအုံ ၂ လုံးထဲကနေ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၃ဝ,ဝဝဝ ပြား၊  WY၊ R၊ 88/1 တံဆိပ်ရောရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၂၅,ဝဝဝ ပြားနဲ့ ဆူဒိုအက်ဖီဒရွန်း အဖြူရောင်ဆေးပြား ၁၅ ကီလိုဂရမ်ခန့်(စုစုပေါင်းမူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၅ ဘီလီယံကျော်) တို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ကောင်းခါးကျေးရွာအနီးတဝိုက်မှာ ဖေဖော်ဝါရီ  ၂၉ ရက်မှ မတ်လ ၃ ရက်အထိ သိမ်းဆည်းရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၃,၇၆၅,ဝဝဝ ပြား၊ ဘိန်းဖြူ ၈၇,၅၄ဝ ဂရမ်၊ ဘိန်းဖြူခဲ ငါးခဲ(၁ ဒသမ ၆ ကီလိုဂရမ်)၊ ဆေးပြားအကြေမှုန့် ၁၅ဝ ဂရမ်၊ ICE ၁၂ ဒသမ ၅ ကီလိုဂရမ် (စုစုပေါင်းမူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ် ၉ဝ ဘီလီယံကျော်)ရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်း ၆၃ မျိုး (စုစုပေါင်း ကာလတန်ဖိုး အနေဖြင့် ၁ ဘီလီယံကျော်) ဖြစ်ပြီး စုစုပေါင်း မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများ စုစုပေါင်းကာလတန်ဖိုး  ၉၁ ဘီလီယံကျော်ရှိတယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013