မိုင်းပန်မြို့နယ်တွင် ဘိန်းဖြူ အမြောက်အမြား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်မှာ ဘိန်းဖြူ အမြောက်အမြား ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာ၊ တာဆန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စိုင်းဝင်းတစ် မောင်းနှင်ပြီး အိုက်ရီ နဲ့ စိုင်းမိန်းတို့ လိုက်ပါလာတဲ့ ဒိုင်နာအဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေနေစဉ် မောင်းနှင်ထွက်ပြေးသွားတာကြောင့် လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
မိုင်းတုံမြို့နယ်၊ ဝမ်စလားကျေးရွာသွားလမ်းခွဲ ဆိုင်းဘုတ်အနီးမှာ မော်တော်ယာဉ်အားရပ်တန့်ထားကာ စိုင်းဝင်းတစ်က တိမ်းရှောင်သွားပြီး မော်တော်ယာဉ်နဲ့ ကုန်ပစ္စည်းတွေကို ဖွင့်ဖောက်စစ်ဆေးရာ မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၄ ဒသမ ၁၂ ကီလို၊ မြန်မာငွေကျပ် ၂ သိန်းနဲ့ လက်ကိုင်ဖုန်းတလုံးတို့ကို သိမ်းဆည်းရမိခဲ့တာကြောင့် အိုက်ရီ(၃၀)နှစ်၊ စိုင်းမိန်း(၁၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။
Photo : Ministry of Home Affairs, Myanmar











