DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနဖွင့်လှစ်ရေး ထပ်ကြိုးပမ်းမည်
DVB
·
March 14, 2013
ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနဖွင့်လှစ်ရေး ထပ်ကြိုးပမ်းမည်
Donate to DVB

ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဖွင့်လှစ်ပေးဖို့ အဆိုမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း လာမယ့်အစည်းအဝေးမှာ တပ်မံအဆိုတင်သွင်းမယ်လို့ ကယားပြည်နယ် ရှားတောမြို့ မဲဆန္ဒနယ်အမှတ် ၇ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးရယ်က ပြောပါတယ်။

“ရှုံးသွားတဲ့ကိစ္စကို ပြောရမယ်ဆိုရင် အားလုံးရဲ့စိတ်ထဲမှာကတော့ ဘဝင်မကျဘူးပေါ့နော်။ ဒါပေမယ့်လို့ ဒီအဆိုက အမျိုးသားလွှတ်တော်မှာ ရှုံးတယ်ဆိုပေမယ့် ပြည်သူ့လွှတ်တော်မှာဖြစ်ဖြစ် ပြည်ထောင်စုလွှတ်တော်မှာဖြစ်ဖြစ် ပြန်ပြီးတော့တင်ဖို့ စီစဉ်ကြတာရှိတယ်” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်တဲ့ ၂၁ ရက်မြောက်နေ့မှာ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသား လွှတ်တော်အမတ် ဦးကျော်ဒင် (ခ) ဦးဌေးရယ်က အဆိုတင်သွင်းခဲ့ရာမှာ ကန့်ကွက်မဲ ၈၇ မဲ ကြားနေမဲ ၁ မဲ ထောက်ခံမဲ ၇၆ မဲနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပြည်နယ်အစိုးရအဆင့်မှာ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ရှိထားပြီးဆိုသော်လည်း ပြည်ထောင်စုအဆင့်တွင် ရှိထားနိုင်မှသာလျှင် တိုင်းရင်းသားရေးရာ ကိစ္စအားလုံးကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“တကယ်လို့ တိုင်းရင်းသားရေးရာဝန်ကြီးတခု ပြည်ထောင်စုမှာရှိတယ်ဆိုရင် ကျနော်တို့တိုင်းရင်းသား ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်မယ့် အနေအထားမျိုးရှိတာပေါ့။ သူတို့မှာရှိတဲ့ တိုင်းရင်သားဝန်ကြီးနဲ့ ကျနော်တို့မှာရှိတဲ့ ဝန်ကြီးတွေ ဗဟိုပြုချက်ထားရှိမှ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်။” လို့ အမျိုးသား လွှတ်တော်အမတ် ဦးဌေးရယ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013