DVB Logo
Home
မြန်မာသတင်း
နှိပ်စက်ခံရသော ကရင်မိန်းကလေး ဆေးရုံစတက်
DVB
·
March 14, 2013
နှိပ်စက်ခံရသော ကရင်မိန်းကလေး ဆေးရုံစတက်
Donate to DVB

ထိုင်းနိုင်ငံ ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ အလုပ်ရှင်လင်မယားက ရေနွေးပူလောင်းနှိပ်စက်လို့ အကြီးအကျယ်ဒဏ်ရာရခဲ့တဲ့ ကရင်မိန်းကလေး နောင့်အဲဟာ ဒီနေ့မနက် ဘန်ကောက်ကို  ဆေးရုံတက်ကုသဖို့ ထွက်ခွာသွားပြီလို့ ကမ်ဖိုင်ဖစ်မြို့မရဲစခန်း ဒုညွှန်ကြားရေးမှူး ဒုရဲမှူးကြီး နရေ့ ဖွန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက်ပဲ ဆေးကုဖို့ ဘန်ကောက်ကို ထွက်သွားပါပြီ။ ကယ်ဆယ်ရေးဂေဟာက တာဝန်ရှိသူတွေနဲ့ မိဘတွေပါ လိုက်သွားပါတယ်။ နောင့်အဲက တရားရုံးကိုတော့ နောက်ထပ် လာစရာမလိုတော့ဘူးလေ။ ၁၂ ရက်နေ့ ထွက်ဆိုချက်ပေးတယ်။ တရားခံအမျိုးသမီးရဲ့ အမေ နန်းလဒါနဲ့ သူ့ကို မေးတယ်။ နှစ်ဘက်ရှေ့နေတွေလည်း လာပါတယ်။ ကလေးမကို နှိပ်စက်တဲ့ထဲမှာ သူမပါဘူးလို့ ငြင်းဆိုပြီး အာမခံအဆင့် ၃ နဲ့အိမ်ပြန်သွားတယ်။ ဒါပေမယ့် သူ့သမီးနဲ့ သားမက်ကိုတော့ တရားရုံးက အရေးယူမယ်။ ခုထိတော့ ဖမ်းလို့မမိသေးဘူး။ ထိုင်းနိုင်ငံထဲမှာ ရှိနေတုန်းပဲလို့ ယူဆရပါတယ်။” လို့ ဆိုပါတယ်။

တကိုယ်လုံး အပူလောင်ဒဏ်ရာတွေပြည့်နေတဲ့ နောင့်အဲကို  ရာမဓိပတိဆေးရုံက ကုသပေးမှာဖြစ်ပြီး ကုန်ကျစရိတ်အားလုံးကို ထိုင်းဝန်ကြီးချုပ်ရုံးက တာဝန်ယူပေးမယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင် ဖေဖော်ဝါရီ ၂၀  ရက်နေ့ကလည်း ရာမဓိပတိဆေးရုံ ဆရာဝန်တွေက ကုသနည်းတွေရှာဖို့ သူ့ကို တခေါက်ချိန်းဆိုစစ်ဆေးခဲ့တယ်။ ဘယ်ဘက်ချိုင်းကြားနဲ့ ကပ်နေတဲ့ လက်မောင်းကို လှုပ်ရှားနိုင်အောင် အရင်ဆုံး ခွဲစိပ်ကုသပေးမှာဖြစ်ပြီး ပျက်စီးနေတဲ့ အရေပြားကိုတော့  ပလပ်စတစ်ဆာဂျရီနည်းနဲ့ ကုသမယ်လို့ ဆရာဝန်က ပြောပါတယ်။

ဒဏ်ရာအားလုံးပျောက်ကင်းဖို့ အနည်းဆုံး အချိန် ၂ နှစ်ကြာမယ်လို့ ဆရာဝန်တွေက ပြောကြောင်း၊ ကလေးနဲ့ မိသားစုဂေဟာ ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး ခွန်ထန၀ပ် ဆထစ်က ထိုင်းသတင်းဌာနကို  ပြောသွားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားရဲ့ သမီးဖြစ်သူ  အသက် ၁၂ နှစ်အရွယ် ကရင်မိန်းကလေး   နောင့်အဲဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ထိုင်းအလုပ်ရှင်လင်မယားရဲ့  ဖြားယောင်း သွေးဆောင်မှုကို ခံရပြီး သူ့ကို ကျွန်လို နှိပ်စက်စေခိုင်းခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ ထိုင်းလင်မယား ၂ ဦးဟာ လောလောဆယ် အာမခံငွေ ဘတ် ၇ သိန်း အဆုံးခံပြီး ထွက်ပြေးနေတာ ဖြစ်ပါတယ်။  သူတို့ ၂ ဦးကို ဖမ်းမိနိုင်သူနဲ့ သတင်းပေးနိုင်သူကို ဘတ်ငွေ ၁ သိန်း ပေးမယ်လို့ အမှတ် ၆ တိုင်းဒေသ ရဲဌာနချုပ်က ဆုငွေထုတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013