DVB Logo
Home
မြန်မာသတင်း
ရေကြည်မြို့နယ်က ကျောင်းသား ၁၇၀၀ ကျော် ပညာသင်နေသည့် အ.ထ.ကကျောင်း အက်ကွဲနေ
DVB
·
February 28, 2020
ရေကြည်မြို့နယ်က ကျောင်းသား ၁၇၀၀ ကျော် ပညာသင်နေသည့် အ.ထ.ကကျောင်း အက်ကွဲနေ
1 / 6
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကုန်ပြင်တိုက်နယ်မှာရှိတဲ့ ကျောင်းသား ၁၇၀၀ ကျော်လောက်တက်ရောက်နေတဲ့ အ.ထ.ကကုန်းပြင်ကျောင်းဟာ ကျောင်းရဲ့နံရံတွေ အက်ကွဲ ကြောင်းတွေဖြစ်ပေါ်လာလို့ မြို့နယ်ပညာရေးမှူးထံကို တင်ပြထားရတယ်လို့ ကျောင်းအုပ် ဆရာကြီးပြောပါတယ်။

အထကကုန်းပြင် ကျောင်းအုပ်ဆရာကြီး ဦးစိုးသူက "လောလောဆယ်တော့ အဆင်မပြေဘူးပေါ့၊ အန္တရာယ်ရှိလာနိုင်တဲ့ ကျောင်းဆောင်က ၇ ဆောင်လောက်ဖြစ်နေတယ်။ အဲ့အခန်းတွေမှာ စာသင်နေရတဲ့ ကျောင်းသားအရေအတွက်က ၁၃၀၀ ကျော်လောက်က စာသင်နေရတယ်။ ခုတော့ ကျောင်းဆောင်ကြီးကို ပြင်ဖို့အတွက် အကူညီလိုအပ်နေတာပေါ့။ အဲ့အခြေအနေတွေကိုသိရှိအောင် မြို့နယ်ပညာရေးမှူးကိုတင်ပြ ထားပါတယ်။ ဒါပေမယ့် ဆင်းမကြည့်သေးပါဘူး"လို့ပြောပါတယ်။

အ.ထ.ကကုန်းပြင်စာသင်ကျောင်းကို ၁၉၆၇ - ၆၈ လောက်ကတည်ဆောက်ခဲ့တာပါ။ လက်ရှိအချိန်မှာ နှစ်ပေါင်း ၅၃ ကျော်ရှိလာပြီဖြစ်တာကြောင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်ကာ ကျောင်းနံရံတွေအက်ကွဲကြောင်းတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး အဆက်ဆက်ကတာဝန်ရှိသူတွေ မတင်ပြခဲ့တာကြောင့် ခုချိန်ထိမပြင်ဆင်နိုင်သေးတာလို့ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်တွေက ပြောပါတယ်။

အဲ့တာက ဒီတိုင်းလာတင်လို့မရဘူး၊ သူလာတင်တာက ဓါတ်ပုံပဲလာပြတာ၊ အမှန်က ဒီအဆောင်ကို ဆောက်ရင် ဘယ်လောက်ကုန်မလဲ အဆောင်ကဘယ်လောက်ရှိတယ်ဆို တာကိုပါ ထည့်သွင်းတွက်ချက်ပြီးတင်ပြမှာဆက်တင်ပေးလို့ရမှာ အဲ့လိုလေးပြန်လုပ်ပေးဖို့ မှာလိုက်ပါတယ် လို့ ရေကြည်မြို့နယ်ပညာရေးမှူး ဦးသန်းမော်ကဆိုပါတယ်။

"အချက်အလက်တွေစုံလို့တင်ပြီးရင် တိုင်းပညာရေးမှူးရုံးကိုဆက်တင်ပေးရမှာပါ။ တိုင်းရုံးရဲ့ ဆုံးဖြတ်ချက်အရ အရေးပေါ်အခြေအနေအရ ချက်ခြင်းလုပ်ဆိုလုပ်ပေးမှာပါ၊ မြေပြင်ကွင်းဆင်း ကြည့်ဖို့တွေညွှန်ကြားမှာပါ။ ပထမကျောင်းအုပ်ကြီးကို တင်ဖို့အတွက်လည်းပြောပါတယ်၊ ဒါပေမယ့် မတင်ဘူး၊ သူတို့ကမတင်တော့ ဘာမှဆက်လုပ်ပေးမရဘူး"လို့ ရေကြည်မြို့နယ် ပညာရေးမှူး ဦးသန်းမော်က ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အခြေခံပညာစာသင်ကျောင်း ပေါင်း ၃၈၂ ကျောင်း အသစ်တည်ဆောက်ဖို့အတွက် ဆောက်လုပ်ခွင့်ကျထားတယ်လို့ တိုင်းပညာရေးမှူးရုံးက သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013