DVB Logo
Home
မြန်မာသတင်း
လူငယ်ပြုစုရေးဌာနကိုရောက်လာသူအများစု မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေ 
DVB
·
February 28, 2020
လူငယ်ပြုစုရေးဌာနကိုရောက်လာသူအများစု မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေ 
Donate to DVB

လူငယ်ပြုစုရေးဌာနကိုရောက်လာတဲ့သူအများစုက မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတဲ့ ခိုးမှုနဲ့ လုယက်မှုကျူးလွန်ခဲ့သူတွေ ဖြစ်နေတယ်လို့ လူကယ်ပြန်ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကနေ လူငယ်ပြုစုရေးဌာန အနေနဲ့ ရန်ကုန်မှာ ၂ ခု၊ မန္တလေးနှင့် မော်လမြိုင်တို့မှာ ၁ ခုစီ စုစုပေါင်း ၄ ခုဖွင့်လှစ်ထားပါတယ်။ 

အဲဒီဌာနတွေက လူ ၁၅၀ လောက်သာဆံ့ပေမယ့် ကလေးသူငယ် အသက်အပိုင်အခြားကို ၁၆ နှစ်ကနေ ၁၈ နှစ်ထိ တိုးလိုက်တဲ့အတွက် လူ ၅၀၀၊ ၆၀၀ လောက်အထိ ထိန်းသိမ်း စောင့်ရှောက်နေရတယ်လို့ ဆိုပါတယ်။ 

လူငယ်ပြုစုရေးဌာနကို ရောက်ရှိလာတဲ့သူတွေအများစုက မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတာ တွေဖြစ်နေတယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်က မုံရွာမြို့ရှိ လူငယ်စင်တာဖွင့်ပွဲမှာ ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့တာပါ။

"ဒီအမှုတွေက ဘာအမှုတွေလဲ ကြည့်လိုက်တဲ့အခါကျတော့ နံပါတ်တစ်က ခိုးမှုနဲ့ လုယက်မှု၊ နံပါတ်နှစ်က မူးယစ်ပဲ။ ခိုးမှု၊ လုယက်မှုနဲ့ မူးယစ်ကလည်း ဆက်နွှယ်နေပြန်ရော။ အဲဒီတော့ နောက်ဆုံးတရားခံက မူးယစ်ပဲ။ ၈၀၊ ၉၀ ရာခိုင်နှုန်းသည် မူးယစ်ပဲ။ မူယစ်ဆေးဝါး အတွက် သူတို့က ခိုးရတယ်။ လုရတယ်။ ခိုးတာရယ်၊ လုတာရယ်၊ မူးယစ်ဆေးဝါးရယ်က တစ်တွဲထဲ ထိပ်ဆုံးမှာ။ ကျန်တာကတော့ လူသတ်တာ၊ မုဒိမ်းကျင့်တာ ဒါတွေက ရှိတယ်။ သို့သော်လည်း နောက်မှာ။ ဒါတွေကလည်း မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတာ အများကြီးပါတယ်။ ဆိုတော့ တရားခံသည် မူးယစ်ပဲ။ အဲဒီတော့ လူကြီးတွေ၊ လူငယ်တွေပူးပေါင်းပြီး မူးယစ်ဆေးဝါးကို အဓိကဦးစားပေးအနေနဲ့ တိုက်ဖျက်ကြမယ်။"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

မူးယစ်ဆေးဝါးက စျေးနှုန်းအရကော ပေါများမှုအရပါ အလွယ်တကူ ရရှိနေတာလည်း ဖြစ်ပါတယ်။ ဒီအတွက်လည်း လက်လှမ်းမမီဖို့၊ မစမ်းကြည့်ဖို့ကိုလည်း ဝန်ကြီးက တိုက်တွန်းခဲ့ပါသေးတယ်။

လာမယ့် နွေရာသီမှာလည်း လူငယ်တွေကနေ လူငယ်တွေကို ပြန်ပြီး မူးယစ်နဲ့ပတ်သက်လို့ ပညာပေးတဲ့ အစီအစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ရှိတယ်လို့လည်း သိရပါတယ်။ မူးယစ်ဆေးဖြတ် ရက်တိုသင်တန်းတွေကို စစ်ကိုင်းတိုင်းအတွင်း မူးယစ်ဆေးဝါး ပေါများရာဒေသတွေမှာ ဖွင့်လှစ်ပေးနေပါတယ်။ သင်တန်းတွေရဲ့ သုတေသနတွေ့ရှိချက်အရ ဆေးဖြတ်သူတွေရဲ့ ၁၅ ရာခိုင်နှုန်းသာ မူးယစ်ဆေးပြတ်တာတွေ့ရတယ်လို့ ဆိုပါတယ်။ 

လက်ရှိစစ်ကိုင်းတိုင်းအတွင်း ပင်လည်ဘူးမြို့မှာ ပြန်လည်ထူထောင်ရေးဦးစီးဌာနက  ဦးဆောင်ကာ ရက် ၄၀ ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်စခန်းကို ဖွင့်လှစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013